realme က စမတ်ဖုန်း အားသွင်း နည်းပညာမှာ ရှေ့တန်း ရောက်အောင် ကြိုးစားနေပါတယ်။ မကြာခင်က YouTuber TheTechChap နဲ့ အင်တာဗျူးမှာ realme Global ရဲ့ အရောင်းမြှင့်တင်ရေးဌာန အကြီးအကဲ Francis Wong က ကုမ္ပဏီဟာ 300W Fast Charging နည်းပညာကို ဖန်တီးနေတယ်လို့ ပြောပါတယ်။

realme confirms that it's developing a 300W smartphone fast-charging technology | TechNave

realme ဟာ အားသွင်းနည်းပညာမှာ ရှေ့တန်းက ဦးဆောင်နေပါတယ်။ ၂၀၂၁ ခုနှစ်မှာ ကုမ္ပဏီဟာ GT Master Edition ဖုန်းနဲ့ 65W DartCharge နည်းပညာကို မိတ်ဆက်ခဲ့ပြီး ၃၃ မိနစ်အတွင်း 4,300mAh Battery ကို အားအပြည့်သွင်းပေးနိုင်ပါတယ်။

Another company is working on 300W charging for smartphones

၂၀၂၂ ခုနှစ်မှာ realme ဟာ 150W Charging ပါတဲ့ GT Neo 3 ကို ရောင်းချခဲ့ပြီး ၅ မိနစ်အတွင်း 4,500mAh Battery ကို ၀ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ရောင်းချခဲ့တဲ့ realme GT Neo 5 မှာ 240W Charging ထည့်သွင်းထားပြီး ၁၀ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ အခုတော့ realme က 300W Fast Charging ကို ဖန်တီးနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ Redmi ဟာ 300W Charging နည်းပညာကို ပြသထားနိုင်တဲ့ ၁ ခုထဲသော ကုမ္ပဏီ ဖြစ်ပါတယ်။ Redmi ရဲ့ နည်းပညာဟာ ၃ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းနဲ့ ၅ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Ref : gizmochina