“လုံခြုံစိတ်ချရမှုအပိုင်းမှာ အသိအမှတ်ပြုအာမခံချက်တွေရရှိထားတဲ့ မိုမိုမြန်ဆန်တဲ့ 45W အားအမြန်သွင်းစနစ်နဲ့အတူ Flagship-level အတွေ့အကြုံမျိုးတွေကို Entry-level စမတ်ဖုန်းဖြစ်တဲ့ realme C63 ထုတ်ကုန်သစ်မှာ ထည့်သွင်းပေးလိုက်ပြီ”

ဒီဘက်ခေတ်ဖုန်းတစ်လုံးဝယ်ယူကြတဲ့အပိုင်းမှာ အားသွင်းမြန်ဆန်တဲ့အချက်ကို အဓိကလိုအပ်ချက်တစ်ခုအဖြစ် သုံးစွဲသူတွေက ထည့်သွင်းစဥ်းစားဝယ်ယူလာကြတဲ့အတွက် လူငယ်တွေရဲ့လိုအပ်ချက်ကို အမြဲစောင့်ကြည့်လေ့လာ ဖြည့်ဆည်းပေးနေတဲ့ ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ် realme ကလည်း လူကြိုက်များလှတဲ့ C Series ထုတ်ကုန်တွေမှာ ပိုမိုကောင်းမွန်တဲ့အားသွင်းစနစ်တွေကို ထည့်သွင်းပေးလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာဆိုရင် Number Series ဖြစ်တဲ့ realme 10 မှာ အသုံးပြုခဲ့တဲ့ 33W Fast Charging စနစ်ကို မတူညီတဲ့ C Series ထုတ်ကုန်တွေဖြစ်တဲ့ realme C55 အပါအဝင် realme C53 နဲ့ realme C51 ထုတ်ကုန်တွေမှာပါထည့်သွင်းပေးခဲ့လို့ သုံးစွဲသူတွေရဲ့တခဲနက် အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

အခု ၂၀၂၄ ခုနှစ်အရောက်မှာ ပိုကောင်းတဲ့ အားအမြန်သွင်းစနစ်ဖြစ်တဲ့ Fast Charge 45W ကို realme က C Series ထုတ်ကုန်သစ်တွေဖြစ်တဲ့ realme C65 မှာ ပထမဆုံးထည့်သွင်းပေးခဲ့သလို အခုအသစ်ထွက်ရှိလာမယ့် တန်ဖိုးသင့် realme C63 ထုတ်ကုန်မှာပါ ထည့်သွင်းပေးလာခဲ့ပြီဖြစ်လို့ ပိုမိုကောင်းမွန်တဲ့ အားသွင်းမြန်ဆန်မှု အတွေ့အကြုံကို သုံးစွဲသူတွေအနေနဲ့ ထိတွေ့ခံစားရတော့မှာဖြစ်ပါတယ်။ သူ့စျေးတန်းမှာတော့ အားသွင်းမှုအပိုင်းပိုမိုကောင်းမွန်လာသလို မြန်ဆန်တဲ့အားသွင်းစနစ်အတွက်လည်း ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးစနစ်တွေကိုပါ realme C63 အတွက်ရယူပေးထားပါတယ်။

TUV Rheiland Safe Fast-Charge System အတွက် လုံခြုံစိတ်ချရတဲ့ စမ်းသပ်စစ်ဆေးချက်တွေနဲ့အတူ အသိအမှတ်ပြုအာမခံချက်ကိုပါ ရယူထားပြီဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ 5000mAh ဘက်ထရီကိုအားသွင်းမယ်ဆိုရင် မိနစ်၃၀အတွင်း အားပမာဏ ၅၀ ရာခိုင်နှုန်းကိုရရှိစေမှာြဖစ်ပြီး ထူးခြားတဲ့အားသာချက်အနေနဲ့ ၁မိနစ်လောက်အားသွင်းလိုက်တာနဲ့ ၁ နာရီစာအထိ ဖုန်းပြောဆိုနိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် realme C63 မှာထည့်သွင်းပေးထားတဲ့ octa-core chip ရဲ့တည်ဆောက်ထားမှုနည်းပညာအားသာချက်ကြောင့် ဖုန်းစွမ်းဆောင်ရည်အပိုင်းနဲ့ ထိရောက်ချွေတာနိုင်မှုအပိုင်းတွေမှာ ပိုမိုကောင်းမွန်လာစေဦးမှာဖြစ်ပါတယ်။

realme C63 ထုတ်ကုန်သစ်မှာ Entry-level စမတ်ဖုန်းတစ်လုံးထက်ပိုမိုတဲ့ အတွေ့အကြုံတွေကိုပါ ရရှိခံစားနိုင်စေဦးမှာဖြစ်ပါတယ်။ Flagship-level လိုအတွေ့အကြုံမျိုးတွေကို Entry-level စမတ်ဖုန်းတစ်လုံးမှာ ထိတွေ့သုံးစွဲဖို့မဖြစ်နိုင်ဘူးဆိုတဲ့ အဆိုကို realme က ချိုးဖြတ်ပြလိုက်ပြီဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ realme C63 မှာ AI feature သစ်တွေကို စတင်ထည့်သွင်းပေးလိုက်ပြီဖြစ်ပြီး ယခင်က realme Number Series နဲ့ GT Series တို့မှာသာရရှိနိုင်မယ့် Air Gestures နဲ့ Rainwater Smart Touch စနစ်တို့ကို သုံးစွဲသူတွေအနေနဲ့ ထိတွေ့ခွင့်ရရှိတော့မှာဖြစ်ပါတယ်။

ဒီကောင်းမွန်တဲ့ Feature လုပ်ဆောင်ချက် ၂ခုဟာဆိုရင် သုံးစွဲသူတွေရဲ့နေ့စဥ်လိုအပ်ချက်တွေကို ဆန်းစစ်လေ့လာကြည့်ပြီးမှ ရရှိလာတဲ့အသေးစိပ်အချက်အလက်ကိုအခြေခံကာ ထည့်သွင်းပေးခဲ့တာြဖစ်သလို သုံးစွဲသူအနေနဲ့ ဖုန်းမျက်နှာပြင်ကို ထိတွေ့စရာမလိုဘဲနဲ့ သုံးစွဲနိုင်သလို အစားအသောက်စားနေစဥ်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေစဥ် ဒါမှမဟုတ် အချက်အပြုတ်လုပ်နေစဥ်၊ နောက်ဆုံးရုပ်ရှင်ဇာတ်လမ်းကြည့်တာတို့၊ ဖုန်းအဝင်ပြောဆိုတာတို့မှာပါ ဖုန်းကိုထိစရာမလိုဘဲနဲ့ သုံးနိုင်စေမှာဖြစ်ပါတယ်။ Rainwater Smart Touch ဆိုရင် အခုလို မိုးတွင်းကာလအခြေအနေမျိုးမှာ တကယ်အသုံးဝင်စေမှာဖြစ်ပြီး လက်ရေစိုနေတာတို့၊ ဖုန်းမျက်နှာပြင်မှာ ရေစက်ရေပေါက်စိုနေတာမျိုးမှာပါ ချောမွေ့စွာနဲ့ထိတွေ့အသုံးပြုနိုင်စေမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် realme C63 မှာ ဖုန်းပြောဆိုနေစဥ် ပတ်ဝန်းကျင်ဆူညံသံတွေကို လျှော့ချပေးပြီး ပိုမိုကြည်လင်ပြတ်သားတဲ့အသံမျိုးရရှိစေဖို့ AI Call Noise Reduction စနစ်ကိုပါ ထည့်သွင်းပေးထားပြီဖြစ်ပါတယ်။ လူအများစုတောင်းဆိုနေကြတဲ့ Mini Capsule 2.0 စနစ်ကိုပါ အဆင့်မြှင့်တင်ထည့်သွင်းပေးထားပြီဖြစ်လို့ Entry-level ဖုန်းတစ်လုံးမှာ တစ်မူထူခြားပြီး နေ့စဥ်သုံးစွဲမှုအခြေအနေအမျိုးမျိုးမှာ ပိုမိုစမတ်ကျအဆင်ပြေစေမယ့် Flagship-level အတွေ့အကြုံတွေကိုပါ ဖြည့်စွက်ပေါင်းထည့်ပေးထားတာဖြစ်ပါတယ်။

 

Media release: realme