realme က GT Neo 5 SE ဟာ တစ်ခါအားအပြည့်သွင်းထားရင် ၄၈ နာရီ အသုံးပြုနိုင်တယ်လို့ အသိပေးပြီးနောက် အခုတော့ အဲဒီဖုန်းအတွက် 16GB RAM နဲ့ 1TB Storage ထည့်သွင်းထားတဲ့ မော်ဒယ် ပါလာမယ်လို့ အတည်ပြုလိုက်ပါတယ်။

ကုမ္ပဏီရဲ့ ဝီဘိုက ပို့စ်အရ realme GT Neo 5 SE မှာ 16GB LPDDR5X RAM နဲ့ 1TB UFS 3.1 Storage ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ Snapdragon 7+ Gen 2 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး စွမ်းရည်မြင့်မားပေမယ့် စွမ်းရည်မြင့် ဖုန်းတွေရဲ့ ဈေးထက် တစ်ဝက်လောက် သက်သာမှာပါ။

realme GT Neo 5 SE မှာ အရွယ်ကြီး 5,500mAh Battery ပါလာမှာ ဖြစ်ပြီး ကုမ္ပဏီက ၄၈ နာရီ အသုံးခံတယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် 100W Fast Charging က မိနစ် ၄၀ ထဲနဲ့ အားအပြည့်သွင်းပေးနိုင်မှာပါ။

ကုမ္ပဏီက ဖုန်းမှာ OLED မျက်နှာပြင်နဲ့ ပါးလွှာတဲ့ မျက်နှာပြင်ဘေးဘောင်တွေ ပါလာမယ်လို့ ပြောထားပြီး 1.5K Resolution , 144Hz Refresh Rate နဲ့ 2160Hz High-frequency PWM Dimming ထည့်သွင်းထားမှာပါ။

Realme GT Neo 5 SE launch date

realme က GT Neo 5 SE ကို တရုတ်မှာ ဒီလ ၃ ရက်နေ့ တရားဝင်ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : gizmochina