realme က GT Neo6 ကို ကြေညာလိုက်ပြီး စွမ်းရည်မြင့် Specs တွေ ပါပေမယ့် ဈေးနှုန်း သက်သာပါတယ်။ Qualcomm မကြာခင်က ကြေညာခဲ့တဲ့ Snapdragon 8s Gen 3 Chipset မောင်းနှင်ထားပါတယ်။

Realme GT Neo6 announced with SD 8s Gen 3 and up to 1TB storage

GT Neo6 မှာ 6.78” 8T LTPO AMOLED FHD+ Display တပ်ဆင်ထားပြီး 1-120Hz Refresh Rate နဲ့ 6,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။ Punch Hole မှာ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။

Realme GT Neo6 announced with SD 8s Gen 3 and up to 1TB storage

အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး ပါလာပြီး Android 14 အခြေပြု realme UI 5 မောင်းနှင်ထားပါတယ်။

GT Neo6 မှာ 120W SuperVOOC Fast Charging ပါတဲ့ 5,500mAh Battery ထည့်ထားပြီး IP65 ရေစိုခံစံနှုန်း ပါပါတယ်။

အစိမ်း၊ ခရမ်းနဲ့ငွေရောင်ထုတ်လုပ်ထားပါတယ်။ 12/256GB ကို ၂၉၀ ဒေါ်လာ၊ 16/256GB ကို ၃၃၂ ဒေါ်လာနဲ့ 16GB/1TB ကို ၄၁၅ ဒေါ်လာ သတ်မှတ်ထားပြီး ဒီလ ၁၅ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gsmarena