realme ဟာ Qualcomm Snapdragon 8 Gen 3 Chipset ကို အသုံးပြုထားပြီး Camera ပိုင်းကို ဦးစားပေးထားမယ့် realme GT5 Pro Flagship ဖုန်းအသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ realme ကနေ GT5 Pro ဖုန်းကို မိတ်ဆက်မယ့်အချိန်ကို တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါပြီ။

realme ရဲ့ ကြေညာချက်အရ realme GT5 Pro ဖုန်းကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ တရုတ်နိုင်ငံတွင်းမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Teaser ဓါတ်ပုံမှာ realme GT5 Pro ရဲ့ Camera ပုံစံကို ဖော်ပြထားသလို “Capture Maximum” ဆိုပြီး ရေးသားထားတာကြောင့် Camera ကို အဓိက အာရုံစိုက်ထားမှာ သေချာနေပါပြီ။

အစောပိုင်းတုန်းကလည်း realme GT5 Pro ဖုန်းမှာ Sony IMX890 Sensor ကို Telephoto Lens မှာ ထည့်သွင်းထားမယ်ဆိုပြီး ဖော်ပြခဲ့သလို လက်ရှိမှာလည်း စမတ်ဖုန်းတွေအားလုံးထဲမှာ Telephoto Image Quality ပိုင်းအကောင်းဆုံးဖြစ်လာမယ်ဆိုပြီး ပြောကြားထားပါတယ်။

realme GT5 Pro မှာ အသုံးပြုထားတဲ့ Sony IMX890 Telephoto Sensor ဟာ Periscope Sensor အမျိုးအစားဖြစ်ပြီး 3x Optical Zoom ၊ 6x Lossless Zoom နဲ့ 120x Maximum Zoon အထိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

realme ဟာ အခုလိုမျိုး Camera ပိုင်းအတွက် ArcSoft နဲ့ပါ ပူးပေါင်းခဲ့ထားပြီး Software ပိုင်း ပိုမိုကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။ လောလောဆယ်မှာ realme ဟာ GT5 Pro ဖုန်းကို တရုတ်နိုင်ငံတွင်းမှာပဲ မိတ်ဆက်ဦးမှာဖြစ်ပြီး Global စျေးကွက်မှာ မိတ်ဆက်မလားဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

Ref – GSM Arena