realme က စွမ်းရည်မြင့် GT5 Pro ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ Snapdragon 8 Gen 3 Chip မောင်းနှင်ထားပြီး 12GB or 16GB LPDDR5X RAM နဲ့ 256GB, 512GB , 1TB UFS 4.0 Storage ပါပါတယ်။ အပူချိန်လျှော့ချပေးဖို့ 12,000mm2 Vapor Chamber ထည့်သွင်းထားပါတယ်။

Realme GT5 Pro is here with Snapdragon 8 Gen 3, periscope zoom camera - GSMArena.com news

Red Rock နဲ့ Bright Moon အရောင်တွေမှာ အနောက်ဘက်မှာ Vegan Leather ကို အသုံးပြုထားတာက လှပပါတယ်။ အနောက်ဘက်ကို Texture ပါတဲ့ ဖန်နဲ့ဖုံးအုပ်ထားတဲ့ Starry Night မော်ဒယ်လည်း ပါပါတယ်။

Realme GT5 Pro is here with Snapdragon 8 Gen 3, 5,400mAh battery, periscope

realme GT5 Pro ရဲ့ အရှေ့ဘက်မှာ 6.78” 2780x1264p AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate, 2160 Touch Sampling Rate , 4500 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။ 100W Wired နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 5,400mAh Battery ပါပါတယ်။

Realme GT5 Pro is here with Snapdragon 8 Gen 3, 5,400mAh battery, periscope

အနောက်ဘက်မှာ 50MP Main , 50MP Periscope Zoom , 8MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Dolby Atmos စတီရီယို စပီကာတွေ ထည့်သွင်းထားပြီး IP64 ရေစိုခံစံနှုန်း ပါပါတယ်။

Realme GT 5 Pro Launch

realme GT5 Pro ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့ ရောင်းမှာပါ။ 12/256GB ကို ၃,၂၉၈ ယွမ် ၊  16/256GB ကို ၃,၅၉၈ ယွမ်၊ 16/512GB ကို ၃,၈၉၈ ယွမ်၊ 16GB/1TB ကို ၄,၁၉၈ ယွမ် သတ်မှတ်ထားပါတယ်။

Ref : gsmarena