realme ကနေ တခြားသော တရုတ်နိုင်ငံတွင်း စမတ်ဖုန်းကုမ္ပဏီတွေနဲ့အပြိုင် Qualcomm Snapdragon 8 Gen 3 Chipset အသုံးပြုထားတဲ့ Flagship ဖုန်းအသစ်ကို ယခုနှစ်မကုန်ခင်မှာ မိတ်ဆက်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းအသစ်ကို realme GT5 Pro လို့ နာမည်ပေးထားပြီး realme ဘက်ကနေ Camera ပိုင်း Feature အချို့ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


realme ဘက်က ထုတ်ပြန်ချက်တွေအရ realme GT5 Pro ဖုန်းဟာ လက်ရှိ စမတ်ဖုန်းစျေးကွက်ထဲမှာ တန်ဖိုးအမြင့်မားဆုံး Telephoto Camera Setup ကို ထည့်သွင်းထားမယ်လို့သိရပါတယ်။ ဘာကြောင့်လဲဆိုရင် realme GT5 Pro ဖုန်းမှာ ထည့်သွင်းထားမယ့် Telephoto Camera Sensor ဟာ Sony ရဲ့ 50MP IMX890 Sensor ဖြစ်တဲ့အတွက်ပါ။

အဆိုပါ 50MP Sony IMX890 Sensor ဟာ f2.6 Aperture ကိုမှ 3x Optical Zoom ကို ထောက်ပံ့ပေးထားတဲ့ Periscope Telephoto Sensor အမျိုးအစားဖြစ်ပါတယ်။ realme က ပြောထားတဲ့အတိုင်းဆိုရင် အမြင့်ဆုံး 6x အထိ Quality မကျသွားတဲ့ Lossless Zoom ကို ထောက်ပံ့ပေးနိုင်တဲ့အပြင် အမြင့်မားဆုံး 120x အထိ Zoom ဆွဲနိုင်မှာပါ။

ဒါတင်မဟုတ်သေးဘဲ realme GT5 Pro မှာ အသုံးပြုထားတဲ့ Qualcomm Snapdragon 8 Gen 3 ဟာ ပိုမို Optimized ပြုလုပ်ထားတဲ့အတွက် ပါဝါစားသုံးမှု ၁၀ ရာခိုင်နှုန်းပိုမိုသက်သာပြီး Frame Processing ပိုင်းမှာ ၄၄ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်မယ်လို့ သိရပါတယ်။


realme GT5 Pro ဖုန်းကို တရားဝင်မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရသေးပေမယ့် လာမယ့် ဒီဇင်ဘာလအတွင်းမှပဲ မိတ်ဆက်မယ်လို့ ခန့်မှန်းနေကြပါတယ်။

Ref – GSM Arena