အိန္ဒိယနိုင်ငံမှာရှိတဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ စမတ်ဖုန်းတွေကို မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံအတွင်း Lockdown ပြုလုပ်ထားတဲ့ ၂၁ ရက်ကာလမှာ စမတ်ဖုန်းတွေကို E-commerce ပလက်ဖောင်းကတစ်ဆင့် ပို့ခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ထိပ်တန်းစမတ်ဖုန်းနဲ့ အီလက်ထရောနစ်ထုတ်လုပ်သူတွေပါဝင်တဲ့ သတင်းအချက်အလက်နည်းပညာနဲ့ထုတ်လုပ်သူများအစည်းအရုံး(MAIT) နဲ့ အိန္ဒိယ ဆယ်လူလာနဲ့ အီလက်ထရောနစ်အသင်း (ICEA) တို့က ဒေသတွင်းနဲ့ ပြင်ပပို့ကုန်လုပ်ငန်းတွေအတွက် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ အစိုးရဆီ စာရေ:သားပေးပို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

MAIT ကတော့ အစိုးရအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုစာရင်းထဲမှာ E-commerce ကုမ္ပဏီအချို့ကို ဖော်ပြပေးထားပြီး ICEA ကလည်း ပြည်ထဲရေ:ဝန်ကြီးဌာနနဲ့၊ ခရိုင်/ပြည်နယ်အာဏာပိုင်တွေကြား လုံလောက်မှုမရှိတဲ့ ဆက်သွယ်မှုအကြောင်းကို ထောက်ပြခဲ့ပါတယ်။

သူတို့ရဲ့အဓိက ရည်ရွယ်ချက်ကတော့ အစားအစာနဲ့ စားသောက်ကုန်တွေပြီးရင် မရှိမဖြစ်လိုအပ်တဲ့အရာဟာ စမတ်ဖုန်းဖြစ်ကြောင်းကို မီးမောင်းထိုးပြချင်တာပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေဟာ Social Distancing ကို တိုးမြှင့်ရာမှာ ကူညီနိုင်တယ်လို့ အခိုင်အမာ ပြသလိုတာလည်း ဖြစ်ပါတယ်။

ဝယ်ယူသူအားလုံးရဲ့ ၃၀% နဲ့ ၄၀% ကြားဟာ ပထမဆုံးအကြိမ် စမတ်ဖုန်းဝယ်ယူသူတွေဖြစ်နေပြီး လက်ရှိအချိန်မှာ အလွန်အမင်းလိုအပ်နေကြတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ Realme India ရဲ့ အမှုဆောင်အရာရှိချုပ် Madhav Sheth ကတော့ အခုလို ခက်ခဲတဲ့အချိန်ကာလမှာ စမတ်ဖုန်းတွေဟာ “အခြားဝန်ဆောင်မှုတွေအတွက် တံခါးပေါက်ဖြစ်တယ်” လို့ ပြောဆိုခဲ့ပါတယ်။

အစိုးရအနေနဲ့ စမတ်ဖုန်းရောင်းချခြင်းကို ဆက်လက်ခွင့်ပြုထားရမယ့်အပြင် ရောင်းချပြီးနောက် ဝန်ဆောင်မှုကို ဆိုးဆိုးရွားရွားလိုအပ်နေသူတွေအတွက်လည်း Service Centers အချို့ကို ဖွင့်ထားခွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

Ref: Gizmochina