ဖေဖော်ဝါရီလ ၂ ရက်မှ ၄ ရက်အတွင်းဝယ်ယူလျှင် ၂သောင်းကျပ်တိတိ ခံစားခွင့်ရယူနိုင်မည်

၆ သိန်းကျော်ဝန်းကျင်စျေးတန်းမှာ 50MP ကင်မရာတွေပဲသုံးစွဲနေရတဲ့အချက်ကို realme C67 က စျေးတန်ပိုကောင်းတဲ့ 108MP ကင်မရာကို ပွဲထုတ်မိတ်ဆက်ကာ သုံးစွဲသူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တရားဝင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

သုံးစွဲသူတွေရဲ့တောင်းဆိုချက်၊ လိုအပ်ချက်တွေကို အမြဲတမ်းလေ့လာစောင့်ကြည့်နားထောင်ကာ လူငယ်သုံးစွဲသူတွေအကြောင်း ပိုမိုနားလည်တဲ့ နည်းပညာအမှတ်တံဆိပ်တစ်ခုအဖြစ်ရပ်တည်နေတဲ့ realme အနေနဲ့ Make it real! ဆိုတဲ့ဆောင်ပုဒ်သစ်နဲ့အညီ မတူညီတဲ့သုံးစွဲသူတွေအားလုံးအတွက် သက်ဆိုင်ရာစျေးတန်းအလိုက် ပိုမိုစုံလင်တဲ့ထုတ်ကုန်တွေကို ၂၀၂၄ ခုနှစ်အတွင်းမှာ ဆက်လက်မိတ်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။

အသစ်မိတ်ဆက်ပေးလိုက်တဲ့ 108MP Champion ဖုန်းသစ်ဖြစ်တဲ့ realme C67 အတွက် Version ၂မျိုးကိုရောင်းချပေးသွားမှာဖြစ်ပြီး 8+128 အတွက် ၆၂၉,၉၀၀ ကျပ် နဲ့ 8+256 အတွက် ၆၆၉,၉၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။

DRE စနစ်ထောက်ပံ့ပေးထားလို့ RAM ပမာဏကို 16GB အထိ တိုးမြှင့်အသုံးပြုနိုင်မှာဖြစ်ပြီး ပိုမိုသွက်လက်တဲ့ထိတွေ့မှုအတွေ့အကြုံတို့ကို ရရှိစေမှာဖြစ်ပါတယ်။ ပထမဆုံးစတင်ရောင်းချမယ့် First Sale ကာလဖြစ်တဲ့ ဖေဖော်ဝါရီလ ၂ ရက်မှ ၄ ရက်အတွင်း ဝယ်ယူမယ်ဆိုရင် First Sale Bonus ဖြစ်တဲ့ ၂သောင်းကျပ်တိတိသက်သာခွင့်ကိုရရှိမှာဖြစ်သလို အထူးလက်ဆောင်အဖြစ် ကျောပိုးအိတ်တစ်လုံးကိုပါ ထပ်ဆောင်းရရှိစေဦးမှာဖြစ်ပါတယ်။

ထို့အပြင် MPT Sim-card သုံးစွဲသူများအနေဖြင့်လည်း လစဥ်တိုင်းမှာ အနည်းဆုံး ဖုန်းဘေလ် ၃၀၀၀ ကျပ်ဖြည့်သွင်းရုံဖြင့် Data နဲ့ On-Net Call လက်ဆောင်တို့ကိုပါ ၆ လ တိတိခံစားခွင့်ရရှိမှာဖြစ်ပြီး SIM ဟောင်းသုံးသူများက 1GB (လစဥ်တိုင်း)နဲ့ SIM အသစ်သုံးသူများက 2GB (လစဥ်တိုင်း) ရရှိစေမှာ ဖြစ်ပါတယ်။

realme C series ထုတ်ကုန်များကိုသုံးစွဲနေကြတဲ့ အရေအတွက်ဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်းလုံးမှာ သန်း ၂၀၀ အထိရောက်ရှိလာပြီဖြစ်သလို ပိုမိုကောင်းမွန်တဲ့ C series ထုတ်ကုန်များကိုပါ အစဥ်တစိုက်ဖန်တီးပေးသွားဖို့ realme ကအသင့်ရှိနေတာပဲဖြစ်ပါတယ်။

အခုစျေးကွက်မှာမိတ်ဆက်ပေးလိုက်တဲ့ realme C67 စမတ်ဖုန်းသစ်ကိုကြည့်မယ်ဆိုရင် C series သမိုင်းကြောင်းတစ်လျှောက်မှာ ဓာတ်ပုံပိုင်းဆိုင်ရာတိုးတက်မှုတစ်ခုအဖြစ် 108MP Champion Camera ကို ပထမဆုံးအဖြစ်ထည့်သွင်းအသုံးပြုပေးလိုက်တာဖြစ်ပြီး စျေးနှုန်းပိုင်းမှာဆိုရင်လည်း ပိုသက်သာကာ ပိုကောင်တဲ့အရည်အသွေးကို ရရှိစေမှာဖြစ်ပါတယ်။ 3x In-sensor Zoom စနစ်ကိုပါထောက်ပံ့ပေးထားတဲ့အချက်က C67 ကို ချန်ပီယံတစ်ယောက်အသွင်းမျိုးအဖြစ် ထင်ဟပ်စေမှာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပိုမိုပါးလွှာတဲ့အသွင်းဒီဇိုင်းမျိုးရရှိစေဖို့အတွက် Screen ဘေးပတ်လည်မှာထည့်သွင်းထားတဲ့ ပလပ်စတစ်ချုပ်တန်းကိုပထဆုံးဖယ်ထုတ်ပေးလိုက်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာသလို ဒီအားသာချက်ကြောင့်လည်း မျက်နှာပြင်က တစ်ပြေးတည်းဖြစ်တဲ့အသွင်မျိုးအဖြစ်ထိတွေ့ အသုံးပြုရမှာဖြစ်သလို အလွန်ပါးလွှာတဲ့ 7.59 mm အထူအဖြစ်ပါ လျှော့ချပေးလိုက်နိုင်တာ ဖြစ်ပါတယ်။ အရင်ထုတ်ခဲ့တဲ့ realme C55 ထက် 0.3mm အထိ ပိုမိုပါးလွှာသွားစေပါတယ်။

နောက်အားသာချက်က ဖုန်းမျက်နှာပြင်တစ်ခုလုံးရဲ့အချိုးအစားကိုလည်း 91.4% အထိပိုမိုကျယ်ပြန့်ပြည့်ဝတဲ့ Full View မြင်ကွင်းကိုပါရရှိသွားစေတာဖြစ်ပါတယ်။ realme C67 ရဲ့မျက်နှာပြင်က 90Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ 6.72-inch FHD+ (Punch Hole) မျက်နှာပြင်အမျိုးအစားဖြစ်သလို အရင့်အရင်ထက် အလင်းအား Brightness ပမာဏ ပိုမိုမြင့်မားတဲ့ 950 nits အထိပါတဲ့အတွက် ပြင်ပနေအလင်းရောင်အခြေအနေမှာပါ ကောင်းစွာအသုံးပြုနိုင်စေဦးမှာ ဖြစ်ပါတယ်။

လူငယ်တွေပိုမိုတောင်းဆိုနေကြတဲ့ Audio ပိုင်းမှာလည်း Dual Stereo Speakers စနစ်ကိုပါ realme C67 အတွက်ပထမဆုံးအဖြစ်ထည့်သွင်းပေးထားသလို ဖုန်ဒဏ်တွေ၊ ရေစင်တဲ့ဒဏ်တွေကိုပါ ပိုမိုခံနိုင်စေမယ့် IP54 Water Resistance စနစ်ကိုပါ ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။

ဖုန်းတစ်လုံးရဲ့စွမ်းဆောာင်ရည်ပိုင်းအတွက်လည်း 6nm Chipset အသစ်ဖြစ်တဲ့ SD685 ကိုအသုံးပြုပေးထားလို့ အရင် SD680 နဲ့နှိုင်းယှဥ်ပါက CPU အပိုင်းမှာ ၁၅ ရာခိုင်နှုန်းနီးပါးနဲ့ GPU အပိုင်းမှာ ၁၀ရာခိုင်းနှုန်းအထိ ပိုကောင်းလာစေမှာဖြစ်ပါတယ်။

Software ပိုင်းမှာဆိုရင်လည်း Google ရဲ့နောက်ဆုံး OS ဖြစ်တဲ့ Android Version 14 ကို relame ရဲ့ ပိုမိုပေါ့ပါးတဲ့ UI နဲ့တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Mini Capsule 2.0 version အသစ်မှာဆိုရင်လည်း Feature အသစ်တွေဖြစ်တဲ့ Music၊ Weather နဲ့ Event အပိုင်းတွေမှာပါ Noti အသစ်တွေကို အသုံးပြုနိုင်စေဦးမှာဖြစ်ပါတယ်။

Battery ပိုင်းအတွက် 5000mAh ကိုမှ 33W SUPERVOOC Charge နဲ့တွဲဖက်ထားလို့ အား 50% နှုန်းကို နာရီဝက်မကြာစေဘဲနဲ့ အားပြည့်စေမှာဖြစ်ပါတယ်။ Security ပိုင်းအတွက် Side Fingerprint နဲ့အတူ မိမိနှစ်သက်သလို အသုံးပြုနိုင်ပါတယ်။ realme C67 ကို Sunny Oasis နဲ့ Black Rock အရောင် ၂မျိုးထဲမှ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Media release: realme