[Zawgyi]

Realme က Xiaomi ရဲ႕ Mi Power Bank ေတြကို ယွဥ္ၿပိဳင္မယ့္ Power Bank ကို ေၾကညာလိုက္ပါတယ္။ အဲဒီ Power Bank ေတြမွာ 10,000mAh Battery ထည့္သြင္းထားၿပီး Realme Fast Charge Power Bank လုိ႔ နာမည္ေပးထားပါတယ္။ အေရာင္ ၃ မ်ိဳး ထုတ္လုပ္ေပးထားၿပီး အနက္၊ အနီနဲ႔ အ၀ါေရာင္ေတြ ျဖစ္ပါတယ္။ Realme ဟာ စမတ္ဖုန္း အျပင္ တျခား နယ္ပယ္ေတြကို ေျခဆန္႔လာၿပီဆိုတာ ျပသေနပါတယ္။

Power Bank မွာ Realme ရဲ႕ ကိုယ္ပိုင္ ဒီဇိုင္းေတြ ပါၿပီး USB Type-C Port ၁ ခု ပါတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ Two-way Fast Charging ပါၿပီး 18W ႏႈန္းကို ေထာက္ပံ့ေပးပါတယ္။ တရုတ္မွာ ၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၁,၀၀၀ ေလာက္ပဲရွိပါတယ္။ (အိႏၵိယ ရူပီး ၁,၀၀၀ ေလာက္ရွိပါတယ္။) တရုတ္မွာ ဒီလ ၁၂ ရက္ေန႔မွာ ေရာင္းမွာပါ။

အိႏၵိယမွာေတာ့ Realme ရဲ႕ 10,000mAh Power Bank ဟာ 10,000mAh Xiaomi Mi Power Bank 2i ကို ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ Mi Power Bank 2i ရဲ႕ တန္ဖုိးအနည္းဆံုး ေမာ္ဒယ္ဟာ ရူပီး ၈၉၉ တန္ေၾကးရွိၿပီး 18W Fast Charging ထည့္ထားပါတယ္။ ျမန္မာေငြ ၁၉,၀၀၀ ေလာက္ပဲရွိပါတယ္။ Realme ရဲ႕ Power Bank ဟာ Input အတြက္ USB Type-C Port ကို သံုးထားၿပီး Mi Power Bank 2i မွာ Input အတြက္ micro USB Port ကို ထည့္ထားပါတယ္။ Power Bank ၂ လံုးစလံုးကို ရိုးရိုးႀကိဳးနဲ႔ ဆိုရင္ အားအျပည့္သြင္းဖို႔ ၄ နာရီခြဲၾကာႏုိင္ပါတယ္။

Realme က အိႏၵိယမွာ Power Bank ကို ေရာင္းမယ့္ သတင္းကို မေျပာေသးပါဘူး။ ဒါေပမယ့္ ဒီလ ၁၃ ရက္မွာ အိႏၵိယမွာ Realme XT ကို ေၾကညာမွာ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းဟာ 64MP Main Camera ပါတဲ့ အိႏၵိယရဲ႕ ပထမဆံုး စမတ္ဖုန္း ျဖစ္လာမွာပါ။

Ref : bgr

[Unicode]

Realme က 10,000mAh Power Bank ကို ကြေညာ

Realme က Xiaomi ရဲ့ Mi Power Bank တွေကို ယှဉ်ပြိုင်မယ့် Power Bank ကို ကြေညာလိုက်ပါတယ်။ အဲဒီ Power Bank တွေမှာ 10,000mAh Battery ထည့်သွင်းထားပြီး Realme Fast Charge Power Bank လို့ နာမည်ပေးထားပါတယ်။ အရောင် ၃ မျိုး ထုတ်လုပ်ပေးထားပြီး အနက်၊ အနီနဲ့ အဝါရောင်တွေ ဖြစ်ပါတယ်။ Realme ဟာ စမတ်ဖုန်း အပြင် တခြား နယ်ပယ်တွေကို ခြေဆန့်လာပြီဆိုတာ ပြသနေပါတယ်။

Power Bank မှာ Realme ရဲ့ ကိုယ်ပိုင် ဒီဇိုင်းတွေ ပါပြီး USB Type-C Port ၁ ခု ပါတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Two-way Fast Charging ပါပြီး 18W နှုန်းကို ထောက်ပံ့ပေးပါတယ်။ တရုတ်မှာ ၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၂၁,၀၀၀ လောက်ပဲရှိပါတယ်။ (အိန္ဒိယ ရူပီး ၁,၀၀၀ လောက်ရှိပါတယ်။) တရုတ်မှာ ဒီလ ၁၂ ရက်နေ့မှာ ရောင်းမှာပါ။

အိန္ဒိယမှာတော့ Realme ရဲ့ 10,000mAh Power Bank ဟာ 10,000mAh Xiaomi Mi Power Bank 2i ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Mi Power Bank 2i ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ရူပီး ၈၉၉ တန်ကြေးရှိပြီး 18W Fast Charging ထည့်ထားပါတယ်။ မြန်မာငွေ ၁၉,၀၀၀ လောက်ပဲရှိပါတယ်။ Realme ရဲ့ Power Bank ဟာ Input အတွက် USB Type-C Port ကို သုံးထားပြီး Mi Power Bank 2i မှာ Input အတွက် micro USB Port ကို ထည့်ထားပါတယ်။ Power Bank ၂ လုံးစလုံးကို ရိုးရိုးကြိုးနဲ့ ဆိုရင် အားအပြည့်သွင်းဖို့ ၄ နာရီခွဲကြာနိုင်ပါတယ်။

Realme က အိန္ဒိယမှာ Power Bank ကို ရောင်းမယ့် သတင်းကို မပြောသေးပါဘူး။ ဒါပေမယ့် ဒီလ ၁၃ ရက်မှာ အိန္ဒိယမှာ Realme XT ကို ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ 64MP Main Camera ပါတဲ့ အိန္ဒိယရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

Ref : bgr