မကြာခင်က ထိုင်းရဲ့ NBTC မှ Certification အရ realme ဟာ စမတ်ဖုန်း Series အသစ်ကို ထုတ်လုပ်ရောင်းချနိုင်ပါတယ်။ အဲဒီမှာ realme Note 50 အမည်ရ ဖုန်း ၁ လုံးကို တွေ့ရပြီး မော်ဒယ်နံပါတ်က RMX3834 ဖြစ်ပါတယ်။ အဲဒီအတွက် realme ဟာ realme Note Series အသစ်ကို ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

အဲဒီ မော်ဒယ်နံပါတ် ပါတဲ့ ဖုန်း ၁ လုံးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက Eurasian Economic Commission မှာ တွေ့ခဲ့ရပါတယ်။ အဲဒီမှာတော့ ဖုန်းရဲ့ Specification နဲ့ Feature တွေကိုမဖော်ပြထားပါဘူး။

realme ဟာ ဈေးအစားစား ရှိတဲ့ ဖုန်း Series တွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ C Series က တန်ဖိုးနည်း ဖုန်းတွေ ဖြစ်ပြီး Number Series က စွမ်းရည်သင့် ဖုန်းတွေ ဖြစ်ပါတယ်။ စွမ်းရည်မြင့် ဖုန်းတွေက GT Series ဖြစ်ပြီး မကြာခင်က GT 5 Pro ကို ရောင်းချခဲ့ပါတယ်။ ဒါ့အပြင် တရုတ်မှာပဲ ရောင်းချတဲ့ V Series လည်း ရှိပါသေးတယ်။

realme ဟာ ဒီလိုမျိုး Series များစွာကို ရောင်းချထားပြီး Note Series က ဘာအတွက်လဲ ဆိုတာ မသိရသေးပါဘူး။ realme ရဲ့ Note Series ဟာ ဘယ်လိုဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

realme ရဲ့ တခြားသတင်း တစ်ခုကို ပြောရမယ်ဆိုရင် ကုမ္ပဏီဟာ အိန္ဒိယမှာ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ ကုမ္ပဏီဟာ realme 12 Series ကို အိန္ဒိယမှာ ကြေညာတော့မယ်လို့ ထင်ရပါတယ်။

Ref : gizmochina