Realme Narzo 10 ကို ပြီးခဲ့တဲ့ မတ်လမှာ မိတ်ဆက်ဖြန့်ချိဖို့ စီစဉ်ခဲ့ပေမယ့် ကမ္ဘာ့ကပ်ရောဂါကြောင့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဧပြီလမှာလည်း ထပ်ရွှေ့ခဲ့ရပြန်ပြီး အခု မေလ ၁၁ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ဆိုလာပြန်ပါတယ်။ တရားဝင်မိတ်ဆက်မှုမတိုင်မီမှာ Narzo 10 ဟာ Helio G80G SoC အသုံးပြုထားကြောင်း ကုမ္ပဏီက အတည်ပြုခဲ့ပါတယ်။

Realme ဟာ Narzo 10 ရဲ့ Spec တွေကို တရားဝင် မကြေညာသေးပါဘူး။ ဒါပေမယ့် ဒီဟန်းဆက်ရဲ့ ကျောဘက်မှာ 48MP quad camera ပါဝင်မယ်၊ 6.5-inch မျက်နှာပြင်နဲ့ Notch ပါဝင်မယ်၊ Fingerprint reader ကို ကျောပြင်မှာ တပ်ဆင်ထားမယ်၊ 5,000mAh ဘက်ထရီ တပ်ဆင်ပေးထားမယ် ဆိုတဲ့အချက်တွေကိုတော့ အတည်ပြုပေးထားပြီးသား ဖြစ်ပါတယ်။

Realme Narzo 10 ဟာ Realme 6i ကို အမည်ပြောင်းထားတယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်။ အကယ်၍ ဒီသတင်းတွေသာ မှန်ခဲ့မယ်ဆိုရင်တော့ HD+ မျက်နှာပြင်၊ 16MP selfie ကင်မရာနဲ့ ကျောဘက်မှာ 48MP + 8MP ultrawide+2MP marco+2MP ကင်မရာတွေ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် 18W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။

Realme ဟာ Narzo 10 နဲ့အတူ Narzo 10A ကိုလည်း တစ်ပါတည်း မိတ်ဆက်သွားမှာဖြစ်ပြီး Narzo 10A ကတော့ ကျောဘက်ကင်မရာ သုံးလုံးသာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Helio G70 SoC အသုံးပြုထားပြီး 6.5-inch HD+ display ဖြစ်ဖွယ်ရှိပါတယ်။ ကျောဘက်ကင်မရာသုံးလံဒးဟာ Realme C3 နဲ့ တပ်ဆင်ပုံချင်းတူဖွယ်ရှိပါတယ်။

ဒါကြောင့် 12MP အဓိကကင်မရာ၊ 2Mp marco နဲ့ 2MP depth sensor တွေ ပါဝင်လာမယ်လို့ ဆိုရမှာပါ။ Selfie ကတော့ 5MP ဖြစ်ပါလိမ့်မယ်။ 5,000mAh ဘက်ထရီကို တပ်ဆင်ထားပြီး 10W အားသွင်းစနစ်ကို ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

Ref: GSM Arena