realme က Narzo Series ရဲ့ မော်ဒယ်အသစ်ကို ကြေညာလိုက်ပါတယ်။ အဲဒါကတော့ realme Narzo 50i Prime ဖြစ်ပြီး မကြာခင်က ကြေညာခဲ့တဲ့ realme C30 နဲ့ တော်တော်တူပါတယ်။ realme Narzo 50i Prime မှာ ၆.၅ လက်မ HD+ LCD ၊ Unisoc T612 Chipset နဲ့ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Realme Narzo 50i Prime's launch date, price, and images leak - GSMArena.com  news

Narzo 50i Prime ရဲ့ ဒီဇိုင်းဟာ C30 နဲ့ တူညီပြီး ကင်မရာတွေကလည်း ထပ်တူကျပါတယ်။ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ Android 11 အခြေပြု realme Go Edition မောင်းနှင်ထားပြီး 2GB or 3GB RAM နဲ့ 32GB or 64GB Storage ထည့်သွင်းထားကာ microSD Card စိုက်နိုင်ပါတယ်။ 10W Charging ထောက်ပံ့ထားပြီး နားကြပ်ပေါက် ပါပါတယ်။

Realme Narzo 50i Prime: UNISOC T612, 6.5-inch HD+, 5000mAh | NoypiGeeks

realme Narzo 50i Prime အတွက် Dark Blue နဲ့ Mint Green ၂ ရောင် ထုတ်လုပ်ထားပြီး 3/32GB မော်ဒယ်ကို ၉၉.၉၉ ဒေါ်လာနဲ့ 4/64GB မော်ဒယ်ကို ၁၀၉.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၈၀,၀၀၀ နဲ့ ၂၀၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပြီး ဇွန်လ ၂၇ ရက်နေ့မှာ AliExpress ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena