realme က Neo 7 ကို ကြေညာလိုက်ပြီး စွမ်းရည်မြင့် Specs တွေကို တန်ဖိုးသင့် ဈေးနှုန်းနဲ့ ရောင်းပေးထားပါတယ်။ ဒီနှစ် အစောပိုင်းက ထွက်တဲ့ စွမ်းရည်မြင့် MediaTek Dimensity 9300+ Chipset ထည့်ထားပြီး ကြီးမားတဲ့ 7,000mAh Battery , 80W Charging နဲ့ IP69 ပါပါတယ်။
Neo 7 မှာ Display က 6.78” 8T LTPO OLED ဖြစ်ပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထည့်ထားပါတယ်။ 6,000 Nits Peak Brightness အထိ ရပြီး Crystal Armor Glass နဲ့ ကာကွယ်ထားပါတယ်။ Display အောက်မှာ လက်ဗွေဖတ် ကိရိယာနဲ့ Punch Hole Notch မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ထားပါတယ်။
အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 8MP Ultrawide ကင်မရာ ထည့်ထားပါတယ်။ Android 15 အခြေပြု realme UI 6.0 ပါလာပြီး 7,000mAh Battery က ၃ ရက်အထိ အသုံးခံတယ်လို့ realme က ပြောပါတယ်။
realme Neo 7 အတွက် White, Blue နဲ့ Black အရောင် ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ 12/256GB ကို ၃၀၂ ဒေါ်လာနဲ့ 16GB RAM/1TB ကို ၄၅၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ တရုတ်မှာ စတင် ရောင်းချမှာပါ။ မော်ဒယ်နဲ့ ဈေးနှုန်း အသေးစိတ်ကို အောက်မှာ ကြည့်နိုင်ပါတယ်။
Ref : Gsmarena