မြန်မာနိုင်ငံမှာ ပထမဆုံး ၂နှစ်အာမခံပေးအပ်ထားတဲ့ realme Note 50 ဖုန်းဟာ စတင်ရောင်းချတဲ့ မတ်လဆန်းကစလို့ သုံးစွဲသူတွေလိုအပ်ချက်နဲ့ကိုက်ညီပြီး အားပေးကြမ်းခဲ့တဲ့အတွက် ရောင်းမလောက်ဖြစ်ခဲ့ရသလို လက်ရှိမှာလည်း ရောင်းအားအကောင်းဆုံးဖုန်းအဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။

အကောင်းဆုံးဝန်ဆောင်မှုနဲ့ အထူးအာမခံချက်တွေနဲ့အတူ ပြိုင်ဘက်တွေထက်သာလွန်တဲ့ IP54 Rating ရေစင်ဒဏ်၊ ဖုန်စင်ဒဏ်တွေအပြင် ၂ဆပိုမိုအကြမ်းခံတဲ့ Display အမျိုးအစားတို့ကြောင့် လှပအကြမ်းခံပြီး စျေးတန်တဲ့ “ဒီနယ်တစ်ခွင်မှာရောင်းအားအကောင်းဆုံးဖုန်း” အဖြစ် သုံးစွဲသူတွေကြားမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။

CPU စွမ်းဆောင်ရည်အပိုင်းမှာလည်း ပြိုင်ဘက်တွေမှာသုံးထားတဲ့ Helio G36 Chipset နဲ့ Unisoc T606 တို့ထက်ပိုမိုသာလွန်တဲ့ Unisoc T612 Chipset အမျိုးအစားကိုသုံးပေးထားတဲ့အတွက် MLBB ဂိမ်းများကိုလည်း စမ်းသပ်မှုများအရ ထစ်ငေါ့ခြင်းမရှိဘဲ ပိုမိုချောမွေ့ပြေပြစ်စွာဆော့ကစားနိုင်စေမှာ ဖြစ်ပါတယ်။

သုံးစွဲသူများနဲ့ ပိုမိုထိတွေ့ပြီး ပျော်ရွှင်စရာဂိမ်းတွေပါဝင်ကစားနိုင်မယ့် ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ပြီးခဲ့တဲ့ မတ်လ (၁၆-၁၇) ရက်တွေနဲ့ မတ်လ (၁၉) ရက်တို့မှာ ရန်ကုန်မြို့ရှိ သန်လျင် (မြို့မစျေး)၊ လှိုင်သာယာ (ဘုရားလမ်း) နဲ့ ရွှေပြည်သာ (ထန်းခြောက်ပင်) နေရာအသီးသီးတို့မှာ ကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

realme Note 50 နဲ့ပတ်သက်တဲ့ မေးခွန်းများဖြေဆိုပြီး အမှတ်တရလက်ဆောင်များရယူခြင်း၊ ပျော်ရွှင်စရာဂိမ်းအစီအစဥ်ပါဝင် ကစားခြင်းများကို မိုဘိုင်းဖုန်းစိတ်ဝင်စားသူများက တခဲနက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

အခုမတ်လအတွင်းနဲ့ ဧပြီလဆန်းတို့မှာလည်း သုံးစွဲသူများနဲ့ ပိုမိုထိတွေ့နိုင်စေဖို့ လက်ပံတန်း၊ ကြို့ပင်ကောက်၊ ပြည်၊ ဟင်္သာတ၊ ပုသိမ်၊ မြောင်းမြ၊ မော်ကျွန်းနဲ့ ဖျာပုံတို့မှာလည်း သုံးစွဲသူများနဲ့ ပိုမိုထိတွေ့နိုင်စေမယ့် အရောင်းမြှင့်တင်ရေးပွဲများကို ဆက်လက်ကျင်းပပြုလုပ်သွားဦးမှာဖြစ်တဲ့ အတွက် သက်ဆိုင်ရာမြို့တွေက realme Fan တွေနဲ့ စိတ်ဝင်စားကြတဲ့မိဘပြည်သူများကို လာရောက်ပါဝင်ဆင်နွှဲနိုင်စေဖို့ ကြိုတင်ဖိတ်ခေါ်လိုက်ရပါတယ်။ နှစ်သက်မြတ်နိုးအားပေးကြတဲ့ သုံးစွဲသူများရှိတဲ့မြို့တွေကို realme Note 50 ကတော့ ဆက်လက်ခရီးသွားနေဦးမှာပဲဖြစ်ပါတယ်။