realme က အသစ်မိတ်ဆက်ပေးလိုက်တဲ့ realme Note 50 ဖုန်းကို မတော်တဆကြောင့်ပဲကွဲကွဲ၊ သူငယ်ချင်းကြောင့်ပဲကွဲကွဲ၊ နောက်ဆုံး ကားကြိတ်ခံရလို့ပဲကွဲကွဲ ဘယ်လိုအခြေအနေမျိုးကြောင့် ကွဲသွားပါစေ ၁၅ ရက်အတွင်းဆိုရင် နောက်ထပ် ပါကင်ဖုန်းအသစ်တစ်လုံးနဲ့ လဲလှယ်နိုင်မယ့် အထူး after-sale ဝန်ဆောင်မှုကို ရယူနိုင်မှာပဲဖြစ်ပါတယ်။

“အတန်ဆုံးနဲ့ ကြာကြာသုံး Note 50 ဖုန်း”

သူ့စျေးတန်းမှာ အတန်ဆုံးဖုန်းတစ်လုံးအဖြစ်မိတ်ဆက်လာခဲ့တဲ့ realme Note 50 ဖုန်းကို Version ၂မျိုးနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ RAM 4 + ROM 64 version အတွက် ၂၆၉,၉၀၀ ကျပ် ကျင်သင့်မှာဖြစ်ပြီး RAM 4 + ROM 128 version အတွက် ၂၉၉,၉၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။ DRE နည်းပညာကြောင့် RAM ပမာဏကိုလည်း 8GB အထိ ထပ်တိုးအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ အရောင်အနေနဲ့က Sky Blue နဲ့ Midnight Black ၂မျိုးရွေးချယ်နိုင်ပါတယ်။

အကောင်းဆုံး After-sale ဝန်ဆောင်မှုနဲ့ Note 50 ဖုန်းဝယ်သုံးနိုင်ပြီ

မြန်မာပြည်မိုဘိုင်းစျေးကွက်မှာ ဘယ်သူမှ မပေးဖူးသေးတဲ့ အကောင်းတကာ့အကောင်းဆုံး after-sale ဝန်ဆောင်မှုဖြစ်တဲ့ ၁၅ ရက်အတွင်းမှာ (Factory Fault) ကြောင့်ပဲဖြစ်ဖြစ်၊ (User Fault) ကြောင့်ပဲဖြစ်ဖြစ် ဘာလိုအခြေအနေမျိုးနဲ့ ဖုန်းကွဲတာပဲဖြစ်ဖြစ်၊ ရေထဲပြုတ်ကျလို့ ဖုန်းအလုပ်မလုပ်တော့ရင်တောင် နောက်ထပ်ဖုန်းအသစ်တစ်လုံးနဲ့ လဲလှယ်ပေးသွားမှာြဖစ်ပါတယ်။ အသစ်လဲပေးလိုက်တဲ့ ဖုန်းအသစ်ကိုလည်း နောက်ထပ် (၁၅) ရက်တာ အသစ်လဲလှယ်ခွင့်ထပ်တိုးအာမခံကိုပါ ပေးဦးမှာဖြစ်လို့ ဒုတိယအကြိမ် ထပ်ကွဲခဲ့မယ်ဆိုရင်လည်း နောက်ထပ် ၁၅ ရက်အတွင်းမှာ နောက်ထပ်ဖုန်းအသစ်ထပ်မံလဲလှယ်ခွင့်ကိုပါ ၂ထပ်ကွမ်းအဖြစ်ရရှိနိုင်ဦးမှာဖြစ်ပါတယ်။

Factory Fault အတွက် ၂၄လတာအထိ ထပ်တိုးအာမခံနဲ့ ပစ္စည်းဖိုး+လက်ခ ( ၂နှစ်အတွင်း အကန့်အသတ်မရှိလဲပေးမယ့်အာမခံ)

၁၅ရက်အသစ်လဲလှယ်ပေးတဲ့ကာလကျော်လွန်သွားရင်လည်း realme Note 50 သုံးစွဲသူတွေအနေနဲ့ နောက်ထပ် ၂၄လတာ အာမခံချက်ကို ရရှိစေဦးမှာဖြစ်ပါတယ်။ ဒီ ၂နှစ်အတွင်းမှာ Factory Fault တစ်စုံတစ်ရာကြောင့် Hardware အစိတ်အပိုင်းတစ်ခုခု ကောင်းစွာအလုပ်မလုပ်တာမျိုးရှိခဲ့မယ်ဆိုရင် လည်း ချို့ယွင်းသွားတဲ့အစိတ်အပိုင်းအတွက် အစားထိုးအသစ်လဲလှယ်ခွင့်ကိုပါ (ပစ္စည်းဖိုး+လက်ခ) အခမဲ့ အဖြစ်ရယူနိုင်မှာဖြစ်ပါတယ်။ Factory Fault အတွက် ၂နှစ်အတွင်းမှာ ဘယ်နှစ်ကြိမ်ဖြစ်ပေါ်ပါစေ ဖြစ်ပေါ်တဲ့အကြိမ်တိုင်းအတွက် အကန့်အသတ်မရှိလဲလှယ်အစားထိုးပေးသွားမှာပါ။ ၂နှစ်အာမခံသက်တမ်းကျော်လွန်သွားတဲ့အချိန်မှာ အစိတ်အပိုင်းတစ်စုံတစ်ရာပြင်ဆင်လဲလှယ်ဖို့လိုအပ်လာခဲ့ရင်လည်း ပစ္စည်းဖိုးသာကျသင့်မှာဖြစ်ပြီး လက်ခကိုတော့ အခမဲ့ပြုပြင်မှုအဖြစ် ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။
Software ပိုင်းအတွက်တော့ တစ်သက်တာဝန်ဆောင်မှုအဖြစ်ပေးအပ်ထားပြီဖြစ်ပါတယ်။

၄၈လကြာ အသွက်လက်ဆုံးသုံးနိုင်မယ့် 48-month Fluency အတွေ့အကြုံသစ်

realme Note 50 ကိုစတင်ထုတ်လုပ်ဖို့ပြင်ဆင်တဲ့အချိန်ကတည်းကစလို သုံးစွဲသူတွေရေရှည်အကျိုးရှိနိင်စေမယ့်ရည်ရွယ်ချက်နဲ့ Hardware ပိုင်းနဲ့ Software ပိုင်းတွေကို realme ရဲ့ R&D အဖွဲ့က အကောင်းဆုံးစမ်းသပ်အားထုတ်ပေးထားတာဖြစ်လို့ အခုလို Entry-level အဆင့်ဖုန်းတစ်လုံးဖြစ်တဲ့ realme Note 50 ကို ညက်ညောသွက်လက်တဲ့အတွေ့အကြုံကို ၄၈လာကြာ (၄နှစ်) အထိ ရရှိနိုင်စေမှာဖြစ်ပါတယ်။ ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းအတွက် UNISOC T612 chipset ကိုအသုံးပြုပေးထားပြီး AnTuTu ရလဒ်စစ်ဆေးမှုမှာ ၂သိန်း၄သောင်းကျော်အထိ ရမှတ်ရရှိထားတာဖြစ်ပါတယ်။

realme Note 50 ဖုန်းမှာ IP54 အဆင့်ပါဝင်လို့ ရေစင်ဒဏ်တွေ၊ ဖုန်းဝင်ဒဏ်တွေကို ကာကွယ်ပေးနိုင်

Entry-level အဆင့်ဖုန်းတွေမှာ IP54 အဆင့်သတ်မှတ်ချက်က မပါသလောက်ပါပဲ။ realme Note 50 ကတော့ IP54 အဆင့်သတ်မှတ်ချက်ရရှိထားတဲ့ဖုန်းတစ်လုံးဖြစ်လို့ မတော်တဆ ရေစင်တာတွေ၊ ဖုန်းဝင်တာတွေအတွက် အဆင့်တစ်ခုအထိ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ပါးလွှာကျစ်လျစ် Quality Champion သစ် “realme Note 50”

စျေးတန်းမှာအတန်ဆုံးဆိုတဲ့ဝိသေသနဲ့အတူ Entry-level ဖုန်းတစ်လုံးအတွက် လက်ထဲမှာကိုင်ဆောင်အသုံးပြုရာမှာ ပေါ့ပါးကျစ်လျစ်တဲ့ခံစားမှုမျိုးပေးစွမ်းစေဖို့ realme Note 50 ဖုန်းအတွက် realme R&D အဖွဲ့က အားထုတ်ပေးထားပြန်ပါသေးတယ်။ ၇.၉၉ မီလီမီတာအထူသာရှိပြီး အလေးချိန်က ၁၈၆ဂရမ်သာလေးမှာဖြစ်ပါတယ်။

အရောင်အသွေးမှာ ပိုစိုပိုတောက်ပြီး အားလုံးထက်ပိုမိုကြီးမားတဲ့ 90Hz Display နဲ့ “realme Note 50”

စျေးတန်းတူရင်တောင် after-sale အာမခံအပိုင်းနဲ့ဝန်ဆောင်မှုပိုကောင်းတဲ့ realme Note 50 ဖုန်းဟာ မျက်နှာပြင်အရွယ်အစားမှာဆိုရင်လည်း ၆.၇၄ လက်မနဲ့အကြီးဆုံးအဖြစ်ရပ်တည်နေသလို 90Hz Refresh Rate ပါထောက်ပံ့ထားလို့ ပိုမိုသွက်လက်တဲ့ထိတွေ့ပွတ်ဆွဲမှုအတွေ့အကြုံကို ရရှိစေသလို ၉၀.၃ ရာခိုင်နှုန်းအထိ မျက်နှာပြင်ကိုယ်ထည်အချိုးအစားရှိတဲ့အချက်ကြောင့် မြင်ကွင်ကျယ်အရသာကို အပြည့်အဝခံစားနိုင်ပါတယ်။ HD+ ရုပ်ထွက်အရည်အသွေးမှာလည်း အရည်အသွေးပိုကောင်းတဲ့ Panel အမျိုးအစားကိုသုံးပေးထားလို့ ပိုစိုပိုတောက်တဲ့ကာလာမျိုးကို ရရှိစေဦးမှာဖြစ်ပါတယ်။ ပြင်ပအလင်းရောင်အခြေအနေမှာလည်း သူ့စျေးတန်းမှာပိုမိုသာလွန်တဲ့ 560 nits အထိအလင်းအားထောက်ပံ့ထားလို့ အေးအေးဆေးဆေး ထင်ထင်ရှာရှာကြည့်ရှုအသုံးပြုနိုင် စေပါတယ်။

ဘက်ထရီအာမခံချက်ပိုကောင်းတဲ့ 5000 mAh နဲ့ Type-C အားသွင်းခေါင်းစနစ်

realme Note 50 ဖုန်းက 10W အားသွင်းစနစ်ထောက်ပံ့ထားပေမယ့် တစ်နေ့တစ်ခါသွင်းရုံနဲ့ တစ်နေ့တာလုံးစိတ်ကြိုက်သုံးနိုင်စေမယ့် 5000 mAh ဘက်ထရီအားပမာဏကို ရရှိစေမှာဖြစ်ပါတယ်။ 5000mAh ဘက်ထရီကအာမခံချက်ကောင်းတွေပါရှိနေပြီး တစ်နေ့တစ်ကြိမ် အားသွင်းသုံးမယ်ဆိုရင်တောင် အကြိမ် ၁၂၀၀ ဝန်းကျင် (၃နှစ်) ကြာတဲ့အထိ ဘက်ထရီအားပမာဏကို ၈၀ ရာခိုင်နှုန်းအထိ ဆက်ရှိနေစေဦးမှာဖြစ်ပါတယ်။

အလင်းရောင်ကောင်းလေ ရုပ်ထွက်လှစေမယ့် 13MP ပင်မကင်မရာနဲ့ 5MP Selfie ကင်မရာ

realme Note 50 ဖုန်းမှာ ရုပ်ထွက်လှလှပုံလေးတွေလိုချင်ရင် အလင်းရောင်ကောင်းကောင်းမှာ ရိုက်ဖို့အကြံပြုလိုပါတယ်။ 13MP ပင်မကင်မရာနဲ့ 5MP Selfie ကင်မရာတို့ကိုထည့်သွင်းတပ်ဆင်ပေးထားတာဖြစ်ပြီး Nightlight မှာရိုက်မယ်ဆိုရင်လည်း Night mode စနစ်ထောက်ပံ့ပေးထားလို့ သင့်တော်တဲ့ရုပ်ထွက်အရည်အသွေးမျိုးကို ချိန်ညှိရိုက်ကူးနိုင်စေဦးမှာဖြစ်ပါတယ်။
MPT ရဲ့ Data Bonus တွေကိုလည်း ဖုန်းဘေလ် ၃၀၀၀ ကျပ် လစဥ်ဖြည့်သွင်းပေးရုံနဲ့ ၆လအထိရရှိစေမှာဖြစ်ပြီး SIM card အသစ်ဆိုရင်တော့ အကျိုးခံစားခွင့်က Data 2GB အထိရရှိမှာဖြစ်ပါတယ်။