realme က တက်ဘလက် အသစ် ၁ လုံးကို ဖန်တီးနေပြီး အဲဒါကတော့ realme Pad 2 4G ဖြစ်ပါတယ်။ အဲဒီ တက်ဘလက်မှာ MediaTek Helio G99 Chipset မောင်းနှင်ထားမယ်လို့ သတင်းထွက်လာပါတယ်။ realme Pad X မှာ Qualcomm နဲ့ realme Pad Mini မှာ Unisoc ကို စမ်းသပ်ပြီးနောက် ကုမ္ပဏီဟာ မူလ realme Pad မှာလို MediaTek Chip ကို ပြန်လည် အသုံးပြုတော့မယ့်ပုံရပါတယ်။

realme Pad 2 4G မှာ Helio G99 နဲ့အတူ 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားနိုင်ပါတယ်။ 33W Fast Charging ထောက်ပံ့တဲ့ 8,360mAh Battery ပါလာနိုင်ပြီး အောက်နဲ့ အထက်မှာ စပီကာ အပေါက် ၂ ခုစီ ထည့်သွင်းထားပါတယ်။

ကင်မရာ Island မှာ ကင်မရာ ၂ လုံး ပါလာပုံရပေမယ့် 20MP ကင်မရာ ၁ လုံးပဲ တပ်ဆင်ထားမယ်လို့ သတင်းထွက်လာပါတယ်။ ပေါက်ကြားလာတဲ့ ဓါတ်ပုံကို သေသေချာချာကြည့်ရင် နောက်ထပ် Module ၁ ခုဟာ LED Flash ဖြစ်နိုင်ပါတယ်။ realme Pad 2 မှာ Android 13 အခြေပြု realme UI 4.0 မောင်းနှင်ထားမယ်လို့ သတင်းထွက်လာပါတယ်။ မူလ realme Pad မှာ Android 11 နဲ့ realme Pad X မှာ Android 12 ထည့်သွင်းထားတာ ဖြစ်ပါတယ်။

realme Pad 2 4G ရဲ့ မျက်နှာပြင် အရွယ်အစား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ မျက်နှာပြင်ဟာ LCD ဖြစ်နိုင်ပါတယ်။ realme Pad 2 4G ရဲ့ သတင်းအချက်အလက်တွေကို ဩဂုတ်လ သို့မဟုတ် စက်တင်ဘာလမှာ ပိုမိုသိလာရနိုင်ပါတယ်။

Ref : gsmarena