realme ဟာ အခုအချိန်မှာ တိုးတက်မှုအမြန်ဆန်ဆုံး စမတ်ဖုန်းကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ စတင်တည်ထောင်ခဲ့တဲ့ အချိန် ၂ နှစ်အတွင်းမှာ စမတ်ဖုန်းအလုံးရေ သန်း ၅၀ ကျော်အထိ ရောင်းချရပြီးသလို အောင်မြင်မှုတွေလည်းဆက်တိုက်ရရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း realme စမတ်ဖုန်းအများစုဟာ Design ပိုင်းမှာတော့ အချင်းချင်းဆင်တူမှုများပြားနေတယ်လို့တောင် ပြောလို့ရပါတယ်။ ယခုနှစ်ဝက်နောက်ပိုင်းထွက်ရှိတဲ့ဖုန်းတွေကျမှပဲ တဖြည်းဖြည်း မတူညီတဲ့ Design အသစ်တွေကို ပြောင်းလဲအသုံးပြုလာတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ realme ကနေ မကြာခင်မှာ မိတ်ဆက်ဖို့ရှိနေတဲ့ စမတ်ဖုန်းတွေအတွက် တော်တော်လေးကို ထူးခြားနေတဲ့ Camera Design အသစ်ကို မူပိုင်ခွင့်ရယူလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ Camera Design ဟာ ဘဲဥပုံစံဖြစ်ပြီးတော့ တခြားသော စမတ်ဖုန်းတွေလိုမျိုး ဘေးဘက်ထောင့်မှာနေရယူထားတဲ့အစား အလယ်တည့်တည့်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။

Sensor တွေအနေနဲ့ကတော့ LED Flash အပြင် အောက်ဖက်မှာ Periscope Telephoto Lens အတွက်ဖြစ်နိုင်တဲ့ လေးထောင့်ပုံစံ Sensor Cutout ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Quad Camera Setup အစား Triple Camera Setup ကိုပဲ LED Flash နဲ့ Microphone ကို ဘေးဘက်တစ်ဖက်စီမှာ ထည့်သွင်းထားတာလည်းဖြစ်နိုင်ပါတယ်။

ဖုန်းရဲ့ အရှေ့ဘက် Design အနေနဲ့ကတော့ Hole-punch Selfie Camera ကို အသုံးပြုထားမှာဖြစ်ပြီး အောက်ဘက်ကဘောင်ကလည်း ပုံမှန်ထက် အနည်းငယ်ထူနေတာကိုတွေ့ရပါတယ်။ ဒါတင်မဟုတ်သေးဘဲ USB-C Port နဲ့ 3.5mm Headphone Jack လည်းပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မိတ်ဆက်ထားခဲ့တဲ့ Xiaomi POCO M3 စမတ်ဖုန်းဟာ Budget ဖုန်းတစ်လုံးအနေနဲ့ Design ပိုင်းမှာ ထူးခြားနေသလိုပဲ realme ကနေလည်း ဒီလိုမျိုး ထူးခြားတဲ့ Design နဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

Ref – Gizmo China