တရုတ်က နာမည်ကျော် Leakster ၁ ယောက် ဖြစ်တဲ့ Digital Chat Station က realme Q Series စမတ်ဖုန်း အသစ် ၁ လုံးရဲ့ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး စမတ်ဖုန်း နာမည်ကို မသိရသေးပါဘူး။

သူက အဲဒီ စမတ်ဖုန်းရဲ့ Specs တချို့ကိုလည်း သတင်းပေးထားပြီး OLED မျက်နှာပြင်နဲ့ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမှာ ဖြစ်ပြီး 65W Flash Charging ပါမယ်ဆိုတဲ့အတွက် အားသွင်းနှုန်းကတော့ လက်ရှိ စွမ်းရည်မြင့် ပြိုင်ဖက် စမတ်ဖုန်းတွေနဲ့ ယှဉ်လို့ ရပါတယ်။

အဲဒီစမတ်ဖုန်းမှာ ဒီဇိုင်းအသစ်ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ သတင်းအချက်အလက်တွေ ပိုပြီး ထွက်ပေါ်လာနိုင်ပါတယ်။

realme ဟာ Q Series စမတ်ဖုန်းကို တရုတ်မှာပဲ ရောင်းချပေးထားပြီး တခြားနိုင်ငံတွေမှာ မကြေညာထားသေးပါဘူး။ Q Series ထဲမှာလည်း realme Q အမည်ရ စမတ်ဖုန်း ၁ လုံးပဲ ထွက်ထားပါသေးတယ်။ realme Q ဟာ realme 5 Pro ကို တရုတ်မှာ နာမည်ပြောင်း ရောင်းချထားတာ ဖြစ်ပါတယ်။ realme ဟာ ပြီးခဲ့တဲ့ ၁ ပတ်က Android 11 အခြေပြု realme UI 2.0 ကို ကြေညာထားပြီး နောက်လမှာ အဲဒီ UI ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ကြေညာဖို့လည်း ရှိနေပါတယ်။

Ref : gsmarena