realme ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်း Series တွေအများအပြားကို မိတ်ဆက်နေပြီဖြစ်သလို Fast Charging ပိုင်းကိုလည်း ပိုပြီးအာရုံစိုက်နေတာဖြစ်ပါတယ်။ အခုနောက်ဆုံးမိတ်ဆက်ထားတဲ့ realme GT Neo 3 စမတ်ဖုန်းဆိုရင်လည်း လက်ရှိဖုန်းတွေထဲမှာ အမြန်ဆုံးလို့ ဆိုနိုင်တဲ့ 150W Fast Charging စနစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။

အခုလည်း realme ကနေ နောက်ထပ် Series အသစ်ဖြစ်တဲ့ realme Q5 Series ကို မကြာခင်မှာမိတ်ဆက်တော့မယ်ဆိုပြီး ကြေညာထားပါတယ်။ အဆိုပါ ကြေညာချက်ကို realme ရဲ့ Vice President ဖြစ်တဲ့ Xu Qi ကိုယ်တိုင်ပြောကြားခဲ့တာဖြစ်ပြီး အခုလည်း နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ realme Q5 ဖုန်းတွေမှာ ပါဝင်လာမယ့် Feature အကြောင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Digital Chat Station ရဲ့ ပြောကြားချက်အရတော့ realme Q5 Series စမတ်ဖုန်းတွေဟာ 80W Fast Charging ပါဝင်မှာဖြစ်ပြီး Battery အနေနဲ့ 5000mAh ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး Fast Charging စနစ်ထည့်သွင်းပေးထားတာကြောင့် 0-100% အားသွင်းဖို့ကို အချိန် မိနစ် ၃၀ ပဲ ကြာမြှင့်မယ်လို့ သိရပါတယ်။

ထူးခြားချက်တစ်ခုကတော့ realme Q5 Series ဖုန်းတွေဟာ စျေးနှုန်းအားဖြင့် သက်သာတဲ့ဖုန်းတွေလို့ ပြောနိုင်တာကြောင့် အခုလိုမျိုး Flagship ဖုန်းတွေမှာပဲ မြင်တွေ့ရသေးတဲ့ 80W Fast Charging ကို ထည့်သွင်းထားတာက ထူးဆန်းနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြည့်ရတာကတော့ realme ဟာ သူ့ရဲ့ စမတ်ဖုန်းတွေမှာ 80W Fast Charging ကို Standard တစ်ခုအနေနဲ့ သတ်မှတ်ဖို့ စီစဥ်နေပုံရပါတယ်။

realme Q5 Series ဖုန်းတွေဟာ Qualcomm Snapdragon 870 Chipset ၊ RAM 12GB ၊ 512GB Storage တွေအထိ ပါဝင်မှာဖြစ်ပါတယ်။ Model အနေနဲ့ realme Q5 နဲ့ Q5 Pro ဆိုပြီး ၂ မျိုးထွက်ရှီမှာဖြစ်ပြီး အဓိကအနေနဲ့ Camera ပိုင်းကွာခြားသွားမယ်လို့ သိရပါတယ်။

တစ်ခုရှိတာကတော့ အခု realme Q5 Series ဖုန်းတွေဟာ တရုတ်နိုင်ငံစျေးကွက်အတွက်ပဲ မိတ်ဆက်သွားမှာဖြစ်ပြီး တခြားသော Global စျေးကွက်မှာတော့ မိတ်ဆက်မှာမဟုတ်ပါဘူး။

Ref – Gizmo China