realme ဟာ အခုအချိန်မှာ Mid Range စမတ်ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ realme Q5i ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ 5G Support ပေးနိုင်တဲ့ MediaTek Dimensity 810 Chipset ကို အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ ယှဥ်ပြိုင်နိုင်စွမ်းမြင့်မားတယ်လို့ ပြောနိုင်ပါတယ်။

realme Q5i ဟာဆိုရင် Display ပိုင်းမှာ 6.58″ AMOLED Display ကိုမှ Full HD+ Resolution ၊ 90Hz Refresh Rate Support ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အတွက်ကတော့ Waterdrop Notch Design ပြုလုပ်ထားမှာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ MediaTek Dimensity 810 Chipset ၊ RAM 4GB သို့မဟုတ် RAM 8GB အပြင် 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ Back Camera ပိုင်းမှာ 13MP Primary Sensor နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပြီး 8MP Selfie Camera လည်းပါဝင်မှာပါ။

Battery ပိုင်းအနေနဲ့ကတော့ 4800mAh Battery ပါဝင်မှာဖြစ်ပြီး 33W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 12 ကိုအခြေခံထားတဲ့ realme UI 3.0 ကို အသုံးပြုထားပါတယ်။

အရောင်အနေနဲ့ကတော့ realme Q5i စမတ်ဖုန်းဟာ Black နဲ့ Blue Color ဆိုပြီး ၂ မျိုးမိတ်ဆက်ထားပြီး စျေးနှုန်းအနေနဲ့ RAM 4GB + 128GB Model ကို 1,199 Yuan (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) နဲ့ RAM 6GB + 128GB Model ကိုတော့ 1,299 Yuan (မြန်မာငွေ ၃ သိန်း ၈ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena