Zawgyi






Ref – GSM Arena

Unicode

OPPO ရဲ့ Brand အခွဲဖြစ်တဲ့ Realme က မြန်မာနိုင်ငံကို Realme C1 စမတ်ဖုန်းနဲ့ စတင်ပြီး ဈေးကွက်ထဲကို ဝင်ရောက်လာတယ်ဆိုရင်လည်းမမှားပါဘူး။ ဒီ Realme C1 စမတ်ဖုန်းက Budget ဖုန်းတွေထဲမှာ တော်တော်လေးကို အောင်မြင်မှုရရှိခဲ့ပြီးတော့ အခုဆိုရင်လည်း မျိုးဆက်သစ်ဖြစ်တဲ့ Realme C2 ဖုန်းတောင် ထွက်ရှိလာပြီဖြစ်ပါတယ်။

Realme ကနေ ဒီ Budget ဖုန်းဖြစ်နေပေမယ့်လည်း အောင်မြင်ခဲ့တဲ့အတွက် အခုအချိန်မှာ Android 9 Pie ကို Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Update နဲ့အတူ ColorOS 6 ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Realme အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Realme 2 ဖုန်းအတွက်လည်း Android Pie ကို Update ပြုလုပ်ပေးခဲ့ပြီး အခုအချိန်မှာ C1 ရဲ့ အလှည့်ဖြစ်လာတာဖြစ်ပါတယ်။ ဒီ Realme C1 အတွက် Android Pie Version Update Version ကတော့ RMX1811EX_11_A.54 ဖြစ်ပြီး File Size အနေနဲ့ 2GB ဝန်းကျင်လောက် Download ဆွဲရမှာဖြစ်ပါတယ်။

ဒီ Android Pie Update မှာ Android OS Upgrade အပြင် ထူးခြားချက်တွေအနေနဲ့ အဓိက Riding Mode နဲ့ Theme Store ပါဝင်လာတာပဲဖြစ်ပြီးတော့ ကျန်တဲ့ပြောင်းလဲမှုတွေကိုတော့ အောက်မှာဖတ်ရှုနိုင်မှာပါ။

Realme အနေနဲ့ အခုလိုမျိုး Realme C1 ကို Pie Update ထုတ်ပေးလိုက်တဲ့အတွက် မနှစ်တုန်းက ထုတ်ခဲ့သမျှ Realme ဖုန်းတွေအားလုံး Android Pie ကို အသုံးပြုနေပြီလည်းဖြစ်ပါတယ်။

Ref – GSM Arena