အာရှရဲ့ အကြီးမားဆုံး စမတ်ဖုန်းဈေးကွက်တွေထဲမှာ အိန္ဒိယကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့်လည်း စမတ်ဖုန်းအမှတ်တံဆိပ်အတော်များများဟာ အိန္ဒိယဈေးကွက်ကို အာရုံစိုက်ပြီး ရယူနေကြတာကိုတွေ့ရတာပါ။ ဒီအထဲမှာ Realme အမှတ်တံဆိပ်လည်း အပါအဝင် ဖြစ်ပါတယ်။

Realme Narzo 10 နဲ့ Narzo 10A တွေကို ပြီးခဲ့တဲ့တစ်ပတ်က တရားဝင်ကြေညာခဲ့တဲ့နောက်၊ ဒီတစ်ပတ်မှာတော့ Narzo 10 ကို အိန္ဒိယဈေးကွက်ထဲ ဖြန့်ချိရောင်းချလိုက်ပါတယ်။ အိန္ဒိယဈေးကွက်ရဲ့ ကြီးမားတဲ့ ဝယ်လိုအားကြောင့် Narzo 10 ဟာ စတင်ရောင်းချပြီး “၁၂၈ စက္ကန့်” အောက်မှာပဲ ယူနစ်ပေါင်း ၇ သောင်းကျော်ကို ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

Realme Narzo 10 ဟာ 6.5-inch HD+ မျက်နှာပြင်နဲ့ဖြစ်ပြီး ကျောဘက်မှာလည်း ကင်မရာလေးလုံးကို တပ်ဆင်ထားပါတယ်။ ဘက်ထရီပမာဏက 5,000mAh ဖြစ်ပြီး 18W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ Helio G80 chipset ကိုအသုံးပြုထားပြီး 4GB of RAM + 128GB storage တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။

Realme Narzo 10 ဟာ 6i ကို နာမည်ပြောင်းထားတာဖြစ်ပြီး Narzo 10A ကတော့ Realme C3 ကို နာမည်ပြောင်းထားတာဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယဈေးကွက်အတွက် ကျောဘက်ကိုယ်ထည်ဒီဇိုင်းကိုတော့ ပြောင်းလဲထုတ်လုပ်ထားတာပါ။ Realme Narzo 10A ကို မေလ ၂၂ ရက်နေ့မှာ ရောင်းချမယ်လို့ သိရပါတယ်။

Ref: GSM Arena