realme ဟာ စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ သက်တမ်းအားဖြင့် အငယ်ဆုံးလို့ ဆိုနိုင်ပေမယ့် အောင်မြင်မှုအရှိဆုံး စမတ်ဖုန်းကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ အခုလည်း realme ကနေ ကုမ္ပဏီသက်တမ်း ၅ နှစ်ကျော်အတွင်းမှာ စမတ်ဖုန်းအလုံးရေ သန်း ၂၀၀ ကျော် ရောင်းချထားပြီးဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

realme ကုမ္ပဏီဟာ လက်ရှိ OPPO ၊ vivo ၊ OnePlus လို ကုမ္ပဏီတွေကို ပိုင်ဆိုင်တဲ့ BBK Electronics ကုမ္ပဏီကြီးအောက်က ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး အသေးငယ်ဆုံးဖြစ်ပေမယ့် ရောင်းအားတိုးတက်မှု အမြန်ဆုံး ကုမ္ပဏီလည်းဖြစ်ပါတယ်။ Data Analyst ကုမ္ပဏီတစ်ခုဖြစ်တဲ့ Counterpoint Research ရဲ့ ဖော်ပြချက်အရ realme ဟာ vivo ၊ HUAWEI ၊ Samsung နဲ့ Apple ပြီးရင် တိုးတက်မှုအမြန်ဆန်ဆုံး ကုမ္ပဏီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

နောက်ထပ်ထူးခြားချက်က realme ဟာ တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်ပေမယ့် တရုတ်နိုင်ငံတွင်းတင်မဟုတ်ဘဲ တကမ္ဘာလုံးမှာပါ စျေးကွက်ဖြန့်ကျက်ပြီး အောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။ realme ရဲ့ Chief Marketing Officer ဖြစ်သူ Xu Qi က “လက်ရှိတကမ္ဘာလုံးမှာ စမတ်ဖုန်းကုမ္ပဏီပေါင်း ၇၀၀ ကျော်ရှိနေပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ထိပ်တန်း ၁၀ ခုနေရာမှာ ရပ်တည်နိုင်တဲ့အတွက် အထူးဂုဏ်ယူတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

လောလောဆယ်မှာ realme ကနေ တရုတ်နိုင်ငံတွင်းမှာ Qualcomm Snapdragon 8 Gen 3 Chipset ကို အသုံးပြုထားမယ့် realme GT 5 Pro Flagship ဖုန်းအသစ်ကို မိတ်ဆက်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Sony LYTIA Main Camera ၊ Sony IMX890 Periscope Telephoto Camera တွေအသုံးပြုထားပြီး Camera ပိုင်းကို သေချာအာရုံစိုက်ထားမယ်လို့ သိရပါတယ်။

Ref – Gizmo China