ပြီးခဲ့တဲ့ ရက်အနည်းငယ်က Coca-Cola စမတ်ဖုန်း ၁ လုံးရဲ့ ဓါတ်ပုံ ပေါက်ကြားထွက်ပေါ်ခဲ့ပေမယ့် အဲဒီ ဖုန်းမှာ စမတ်ဖုန်း Brand တွေရဲ့ Logo မပါလာတဲ့အတွက် ဘယ်ကုမ္ပဏီက ထုတ်လုပ်ထားသလဲဆိုတာ မသိခဲ့ရပါဘူး။ ဒါပေမယ့် Coca-Cola ဖုန်းဟာ realme 10/10 Pro နဲ့ တူညီနေတဲ့အတွက် realme က ဖန်တီးထားတာလို့ ယူဆနိုင်ပါတယ်။ အခုတော့ realme က Coca-Cola နဲ့ ပူးပေါင်းထားတယ်ဆိုတာကို အရိပ်အမြွက် သတင်းပေးထားတဲ့ ဗီဒီယို အတို ၁ ခုကို တွစ်တာမှာ တင်ထားပါတယ်။

Leaked image of the Coca-Cola Phone

realme ရဲ့ တွစ်တာက ဗီဒီယိုမှာ “Something exciting is bubbling” လို့ ရေးသားထားပြီး စမတ်ဖုန်းဟာ အနီရောင်ဖြစ်ကာ Coca-Cola လို အချိုရည်မှာ တွေ့ရတဲ့ အမြှပ်တွေကို မြင်ရပါတယ်။

realme ဟာ အိန္ဒိယ ဝက်ဘ်ဆိုက်မှာ အနီရောင် နောက်ခံ ပါတဲ့ Event Page ၁ ခုကို လွှင့်တင်ထားပြီး “Realme is set to get really refreshing” ဆိုတဲ့ စာသားကို ရေးသားထားပါတယ်။

Realme could unveil the Coca-Cola Phone soon as it says 'Something is fizzing at Realme'

အဲဒီ Page မှာပဲ အချိုရည်ပုလင်း ဓါတ်ပုံ ၁ ပုံကို မြင်ရပြီး realme ရဲ့ တရားဝင် Mascot နဲ့ Chief Trend Officer ဖြစ်တဲ့ realmeow ပုံကိုလည်း တွေ့ရပါတယ်။ “Get ready to say Cheers For Real” စာသားကို ရေးသားထားပါတယ်။

Realme could unveil the Coca-Cola Phone soon as it says 'Something is fizzing at Realme'

realme ဟာ Coca-Cola စမတ်ဖုန်း ထုတ်လုပ်ဖို့ Coca-Cola နဲ့ ပူးပေါင်းထားတယ်ဆိုတာ အထက်ပါ အထောက်အထားတွေအရ သေချာနေပါပြီ။ အဲဒီ Coca-Cola ဖုန်းဟာ realme 10 or 10 Pro ရဲ့ အထူးထုတ် မော်ဒယ် ဖြစ်နိုင်ပါတယ်။

Ref : gsmarena