စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ကိုယ်ပိုင်ဂေဟစနစ်ကို တည်ဆောက်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုရပါမယ်။ အထူးသဖြင့် တရုတ်စမတ်ဖုန်းထုတ်လုပ်သူတွေဟာ စမတ်ဖုန်းသာမကဘဲ၊ အခြား နည်းပညာသုံး ထုတ်ကုန်တွေကိုလည်း တပြိုင်နက်ထုတ်လုပ်နေကြပါတယ်။ ဒီထုတ်ကုန်တွေကလည်း တစ်ခုနဲ့တစ်ခု ချိတ်ဆက်အသုံးပြုလို့ရနေကြတာပါ။

စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်ထဲကိုရောက်လာတာ ၂ နှစ်ဝန်းကျင်ပဲရှိသေးတဲ့ Realme ကလည်း အခြားနည်းပညာသုံးထုတ်ကုန်တွေကို ထုတ်လုပ်နေတာပါ။ အခုလည်း Realme ဟာ မတူညီတဲ့ ထုတ်ကုန် ၉ မျိုးကို လာမယ့်အောက်တိုဘာလအတွင်း ဈေးကွက်ထဲဖြန့်ချိမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

Realme ရဲ့ ဂေဟစနစ်ထုတ်ကုန်တွေ ဖြန့်ချိမယ့် အကြောင်းကို တွစ်တာမှာ Abhishek Yadav နဲ့ Mukul Sharma တို့က မျှဝေခဲ့တာပါ။ ဒီ Leaker နှစ်ဦးရဲ့ ဖော်ပြချက်အရ Realme ဟာ လာမယ့် အောက်တိုဘာလ ဒုတိယပတ်ရဲ့ ရက်တွေဖြစ်တဲ့ ၇ ရက်နဲ့ ၉ ရက်မှာ သူတို့ရဲ့ ထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

မိတ်ဆက်လာမယ့် ထုတ်ကုန်တွေကတော့ Realme 7 Pro SE, Realme Buds Air Pro, Realme Buds Wireless Pro, Realme TV 4K 55-inch, Realme Soundbar, Realme Watch S, Realme Electric Toothbrush, Realme Smart Plug နဲ့ Realme 360 degree Security Camera တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီပစ္စည်းတွေအကုန်နီးပါးကို IFA 2020 မှာ Realme က တရားဝင် Tease လုပ်ခဲ့ဖူးပါတယ်။

Ref: Phone Arena