[Zawgyi]

ကမာၻ႔စမတ္ဖုန္းေဈးကြက္သို႔ ၂ဝ၁၈ ေမလ မွ စတင္ဝင္ေရာက္လာခဲ့သည့္ realme အမွတ္တံဆိပ္စမတ္ဖုန္းကုမၸဏီအေနျဖင့္ ယခုအခါတြင္ ၂ဝ၁၉ တတိယ ၃လပတ္အတြက္ Counterpoint ကထုတ္ျပန္သည့္ တစ္ကမာၻလုံးဆိုင္ရာမိုဘိုင္းဖုန္းတင္ပို႔ေရာင္းခ်မႈအခ်က္အလက္မ်ားအရ ကမာၻ႔စမတ္ဖုန္းထုတ္လုပ္သူစာရင္းတြင္ အဆင့္-၇ေနရာသို႔ တိုးျမင့္ေရာက္ရွိလာခဲ့ေၾကာင္း သိရွိရသည္။ realme အေနျဖင့္ ယခုကဲ့သို႔ အဆင့္-၇ မိုဘိုင္းဖုန္းထုတ္လုပ္သူအျဖစ္ေရာက္ရွိလာခဲ့ျခင္းမွာ ၂ဝ၁၉ ဒုတိယ၃လပတ္တြင္ ထိပ္တန္းစမတ္ဖုန္းထုတ္လုပ္သူ ၁ဝဦးစာရင္းသို႔ဝင္ေရာက္လာခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ရပ္တည္ႏိုင္ခဲ့ျခင္းလည္းျဖစ္သည္။ အေရးႀကီးဆုံးအခ်က္အျဖစ္ ၂ဝ၁၉ တတိယ ၃လပတ္အတြင္း realme ၏ စုစုေပါင္းစမတ္ဖုန္းတင္ပို႔ေရာင္းခ်မႈမွာ အလုံးေရ ၁ဝ သန္းေက်ာ္အထိရွိခဲ့ၿပီး ႏွစ္အလိုက္တိုးတက္မႈႏႈန္းတြင္ ၈ဝ၈ ရာခိုင္ႏႈန္းအထိတိုးျမင့္လာခဲ့ျခင္းျဖစ္ကာ တိုးတက္မႈအျမန္ဆုံးစာရင္းတြင္ ပထမေနရာအျဖစ္ တိုးတက္မႈအျမန္ဆုံးစမတ္ဖုန္းအမွတ္တံဆိပ္အျဖစ္ပါ ရပ္တည္ႏိုင္ခဲ့ျခင္းလည္းျဖစ္သည္။

ျမန္မာျပည္မိုဘိုင္းေဈးကြက္တြင္လည္း realme အေနျဖင့္ Leap To Quad Camera ေဆာင္ပုဒ္ႏွင့္အညီ ထူးျခားသည့္ကင္မရာ႐ိုက္ကူးမႈအေတြ႕အႀကဳံသစ္ကိုေပးစြမ္းေစမည့္ realme 5 ႏွင့္ realme 5 Pro စမတ္ဖုန္းသစ္မ်ားကို မိတ္ဆက္ေပးထားၿပီျဖစ္ၿပီး အထူးအတန္ဆုံးေဈးႏႈန္းအျဖစ္ realme 5 ၏ RAM 3GB + ROM 32GB version အမ်ိဳးအစားကို ေဈးႏႈန္း ၂၂၉,၉ဝဝ က်ပ္ျဖင့္ ေရာင္းခ်ေပးလ်က္ရွိသည္။ realme အေနျဖင့္ ျမန္မာျပည္မိုဘိုင္းသုံးစြဲသူမ်ား အရည္အေသြးေကာင္းမြန္ၿပီး စြမ္းေဆာင္ရည္ျပည့္ဝသည့္ realme ဖုန္းမ်ားကို ပိုမိုထိေတြ႕ႏိုင္ေစရန္အတြက္ realme 5 ကို အသက္သာဆုံးေဈးႏႈန္းျဖင့္မိတ္ဆက္ေပးလိုက္ျခင္းျဖစ္သလို လက္ရွိျမန္မာျပည္မိုဘိုင္းေဈးကြက္တြင္လည္း ကင္မရာ၄လုံးပါဝင္သည့္ ေဈးအတန္ဆုံးစမတ္ဖုန္းအျဖစ္ ဝယ္ယူရရွိႏိုင္မည္ျဖစ္သည္။ realme 5 တြင္ ႀကီးမားက်ယ္ျပန႔္သည့္ HD+ ႐ုပ္ထြက္အရည္အေသြးရွိ 6.5-inch အ႐ြယ္အစား မ်က္ႏွာျပင္ကိုအသုံးျပဳေပးထားၿပီး ဖုန္းတစ္လုံးတြင္ အထူးအေရးႀကီးသည့္ battery ပိုင္းအတြက္ တစ္ရက္ခြဲအထိ ၾကာရွည္ခံေစမည့္ 5000 mAh အမ်ိဳးအစားကိုအသုံးျပဳေပးထားျခင္းျဖစ္သည္။ realme ကထုတ္လုပ္ထားသည့္ စမတ္ဖုန္းမ်ားတြင္ battery အားအမ်ားဆုံးပါဝင္သည့္ စမတ္ဖုန္းအျဖစ္ပါ realme 5 ကစံခ်ိန္တင္ထားသည္။

[Unicode]

ကမ္ဘာ့အတိုးတက်မြန်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် realme က တိုးမြင့်ရပ်တည်ကာ ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူစာရင်းတွင် အဆင့်-၇နေရာသို့ ရောက်ရှိလာခဲ့

ကမ္ဘာ့စမတ်ဖုန်းဈေးကွက်သို့ ၂ဝ၁၈ မေလ မှ စတင်ဝင်ရောက်လာခဲ့သည့် realme အမှတ်တံဆိပ်စမတ်ဖုန်းကုမ္ပဏီအနေဖြင့် ယခုအခါတွင် ၂ဝ၁၉ တတိယ ၃လပတ်အတွက် Counterpoint ကထုတ်ပြန်သည့် တစ်ကမ္ဘာလုံးဆိုင်ရာမိုဘိုင်းဖုန်းတင်ပို့ရောင်းချမှုအချက်အလက်များအရ ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူစာရင်းတွင် အဆင့်-၇နေရာသို့ တိုးမြင့်ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ realme အနေဖြင့် ယခုကဲ့သို့ အဆင့်-၇ မိုဘိုင်းဖုန်းထုတ်လုပ်သူအဖြစ်ရောက်ရှိလာခဲ့ခြင်းမှာ ၂ဝ၁၉ ဒုတိယ၃လပတ်တွင် ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူ ၁ဝဦးစာရင်းသို့ဝင်ရောက်လာခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ်ရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ အရေးကြီးဆုံးအချက်အဖြစ် ၂ဝ၁၉ တတိယ ၃လပတ်အတွင်း realme ၏ စုစုပေါင်းစမတ်ဖုန်းတင်ပို့ရောင်းချမှုမှာ အလုံးရေ ၁ဝ သန်းကျော်အထိရှိခဲ့ပြီး နှစ်အလိုက်တိုးတက်မှုနှုန်းတွင် ၈ဝ၈ ရာခိုင်နှုန်းအထိတိုးမြင့်လာခဲ့ခြင်းဖြစ်ကာ တိုးတက်မှုအမြန်ဆုံးစာရင်းတွင် ပထမနေရာအဖြစ် တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ်ပါ ရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာပြည်မိုဘိုင်းဈေးကွက်တွင်လည်း realme အနေဖြင့် Leap To Quad Camera ဆောင်ပုဒ်နှင့်အညီ ထူးခြားသည့်ကင်မရာရိုက်ကူးမှုအတွေ့အကြုံသစ်ကိုပေးစွမ်းစေမည့် realme 5 နှင့် realme 5 Pro စမတ်ဖုန်းသစ်များကို မိတ်ဆက်ပေးထားပြီဖြစ်ပြီး အထူးအတန်ဆုံးဈေးနှုန်းအဖြစ် realme 5 ၏ RAM 3GB + ROM 32GB version အမျိုးအစားကို ဈေးနှုန်း ၂၂၉,၉ဝဝ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ realme အနေဖြင့် မြန်မာပြည်မိုဘိုင်းသုံးစွဲသူများ အရည်အသွေးကောင်းမွန်ပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် realme ဖုန်းများကို ပိုမိုထိတွေ့နိုင်စေရန်အတွက် realme 5 ကို အသက်သာဆုံးဈေးနှုန်းဖြင့်မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သလို လက်ရှိမြန်မာပြည်မိုဘိုင်းဈေးကွက်တွင်လည်း ကင်မရာ၄လုံးပါဝင်သည့် ဈေးအတန်ဆုံးစမတ်ဖုန်းအဖြစ် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ realme 5 တွင် ကြီးမားကျယ်ပြန့်သည့် HD+ ရုပ်ထွက်အရည်အသွေးရှိ 6.5-inch အရွယ်အစား မျက်နှာပြင်ကိုအသုံးပြုပေးထားပြီး ဖုန်းတစ်လုံးတွင် အထူးအရေးကြီးသည့် battery ပိုင်းအတွက် တစ်ရက်ခွဲအထိ ကြာရှည်ခံစေမည့် 5000 mAh အမျိုးအစားကိုအသုံးပြုပေးထားခြင်းဖြစ်သည်။ realme ကထုတ်လုပ်ထားသည့် စမတ်ဖုန်းများတွင် battery အားအများဆုံးပါဝင်သည့် စမတ်ဖုန်းအဖြစ်ပါ realme 5 ကစံချိန်တင်ထားသည်။