စမတ်ဖုန်းအမှတ်တံဆိပ်အတော်များများဟာ Android 11 ကို အခြေခံထားတဲ့ OS သစ်တွေကို အလျှင်အမြန်တည်ဆောက်နေကြပြီး၊ သူတို့ရဲ့ စမတ်ဖုန်းတွေဆီ စောနိုင်သမျှစောအောင် ပို့လွှတ်ပေးနေကြပါတယ်။ ဒါပေမယ့် များသောအားဖြင့် ပရီမီယံအဆင့်အမျိုးအစားတွေဆီကိုပဲ အရင်ဦးဆုံးပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

Realme ကလည်း Android 11 ကို အခြေခံထားတဲ့ UI 2.0 ကို စတင်ထုတ်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ UI 2.0 Early access program ကို တရုတ်မှာပြုလုပ်တာဖြစ်ပြီး ဒီအစီအစဉ်မှာ Realme X50 5G နဲ့ X50m 5G တို့ ပါဝင်ပါတယ်။ ဒီဟန်းဆက်ပိုင်ရှင်တွေအနေနဲ့ Early Access program မှာပါဝင်ချင်ရင် စာရင်းပေးသွင်းနိုင်ပြီပဲ ဖြစ်ပါတယ်။

အကယ်၍ Realme UI 2.0 Early Access ယူချင်ရင်တော့ Settings > Software Update menu ရဲ့ ညာဘက်အပေါ်ထာင့်က Gear icon ကိုနှိပ်ပြီး “Trial Version” မှာ အသေးစိတ်အချက်အလက်တွေပေးပြီး ယူလို့ရပါတယ်။ ဒီအဆင့်ပြီးသွားရင်တော့ Android 11 အခြေခံ UI 2.0 ကို ဇန်နဝါရီလ ၂၉ ရက်နေ့မတိုင်မီ ရရှိမယ်လို့ သိရပါတယ်။

ဒါဟာ Early Access သာဖြစ်ပြီး Stable build လည်း မဟုတ်သေးပါဘူး။ ဒါ့အပြင် Slots 200 လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ Early Access လက်ခံသူတွေအနေနဲ့ ဒေတာတွေကို Backup လုပ်ထားသင့်ပြီး ဘက်ထရီပမာဏကလည်း အနည်းဆုံး ၆၀% ရှိနေသင့်ကြောင်း၊ သိုလှောင်မှုပမာဏလည်း 5GB လောက် လွတ်နေဖို့လိုကြောင်း သိရပါတယ်။

Ref: GSM Arena