Realme V5 သို့မဟုတ် သူ့ရဲ့ ညီနောင်မော်ဒယ်လို့ ထင်ရတဲ့ ဟန်းဆက်ဟာ TENAA ပေါ်ကို RMX2111 နဲ့ RMX 2112 ဆိုတဲ့ ဗားရှင်းနှစ်မျိုးနဲ့ ရောက်ရှိလာခဲ့ပါပြီ။ သူတို့ရဲ့ ကွာခြားချက်က ကြိုးမဲ့နက်ဝပ်ချိတ်ဆက်မှုသာ ဖြစ်တာကြောင့် ဖုန်းတစ်ခုတည်းကို မတူညီတဲ့ Carrier နှစ်ဦးကနေ ရောင်းချလာဖို့ ဖြစ်တယ်လို့ ယူဆရပါတယ်။

ဒီဖုန်းမှာ 6.5” 1080p+ Display ပါဝင်ပြီး Android 10 OS အသုံးပြုထားတယ်။ ရှေ့ဘက်မှာ 16MP ဆဲလ်ဖီးကင်မရာ တစ်လုံးတည်းကို Punch-hole နဲ့ထည့်သွင်းလာတယ်။ LCD Panel အမျိုးအစားဖြစ်တာကြောင့် Fingerprint Reader ကို ဖုန်းရဲ့ ညာဘက်မှာ ထည့်သွင်းထားပါတယ်။

နောက်ဘက်ကင်မရာကလည်း Realme V5 ရဲ့ Teaser နဲ့ကိုက်ညီနေပြီး “L” ပုံသဏ္ဍာန်စီရီထားတဲ့ Quad-camera ဖြစ်ပါတယ်။ အဓိက 48MP ကင်မရာကို 8MP + 2MP + 2MP ကင်မရာသုံးလုံးနဲ့ ဝန်းရံထားတာကြောင့် ကျန်တဲ့သုံးလုံးက Ultra-wide + Macro + Depth Sensor တွေဖြစ်မယ်လို့ ယူဆရပါတယ်။

ချစ်ပ်ဆက်ကိုတော့ အမည်မသိရသေးဘဲ 2.0GHz Octa-core 5G ချစ်ပ်တစ်ခုလို့သာ ဖော်ပြထားပါတယ်။ ဒါကြောင့် Mid-range Snapdragon သို့မဟုတ် MediaTek Dimensity တစ်ခုခု ဖြစ်နိုင်ပါတယ်။ RAM မန်မိုရီက 6GB / 8GB နှစ်မျိုး တွေ့ရပြီး Storage ကိုလည်း 128GB / 256GB နှစ်မျိုး ရွေးချယ်နိုင်မယ့်ပုံပါပဲ။

ဘက္ထရီက 4,900 mAh ဖြစ်ပေမယ့် TENAA ပေါ်မှာ အားသွင်းစနစ်ကို မဖော်ပြထားပါဘူး။ ဖုန်းအလေးချိန်က 194g ရှိပြီး Dark Gray, Green နဲ့ Silver အရောင်သုံးမျိုး ထွက်ရှိမှာဖြစ်ပါတယ်။

TENAA ပုံတွေထဲမှာ ကျန်နေခဲ့တာတစ်ခုကတော့ Realme V5 Teaser ပုံတွေထဲမှာ ဖုန်းရဲ့အောက်ဘက်က Realme လိုဂို အကြီးကြီးတစ်ခု ပါဝင်ပေမယ့် ဒီမှာ မတွေ့ရပါဘူး။ ဒါ့ကြောင့် ဒီဟန်းဆက်ဟာ Realme 6 ရဲ့ မျိုးဆက်သစ်တစ်ခုလည်း ဖြစ်နိုင်ပါသေးတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ထပ်ပြီး တွေ့ရဦးမယ်လို့ ယူဆရပါတယ်။

Ref – GSMArena