realme ကနေ realme 5 နဲ့ 5 Pro ဖုန်းတွေကို ပြီးခဲ့တဲ့နှစ်သြဂုတ်လတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုဆိုရင်လည်း realme 6 နဲ့ 6 Pro ဖုန်းတွေကို မကြာခင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။

realme ရဲ့ တရားဝင်ကြေညာချက်အရတော့ realme 6 နဲ့ 6 Pro စမတ်ဖုန်းတွေကို လာမယ့် မတ်လ ၅ ရက်နေ့မှာ India မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Teaser ဓါတ်ပုံကိုလည်း Bollywood Actor တစ်ဦးဖြစ်တဲ့ Salman Khan ကိုပါ Brand Ambassador အနေနဲ့ ဖော်ပြသွားခဲ့တာပါ။

ဒီ realme 6 Series စမတ်ဖုန်းတွေဟာ 64MP Quad Camera Setup ၊ 20x Zoom ၊ 90Hz Full HD+ Display အပြင် 30W Fast Charging တွေကိုပါ ထည့်သွင်းထားမယ်ဆိုတာကို အတည်ပြုထားပြီးဖြစ်ပါတယ်။ Display ပိုင်းအနေနဲ့လည်း Waterdrop Notch အစား Punch-hole Display တွေကို သုံးစွဲလာမှာပါ။

နောက်ထပ် realme 6 Series ရဲ့ ဓါတ်ပုံတွေအရ Stereo Speaker ပါပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။ realme 6 မှာတော့ Single Selfie Camera ကို အသုံးပြုလာမှာဖြစ်ပြီးတော့ realme 6 Pro ဖုန်းမှာတော့ Dual Selfie Camera Setup ကို အသုံးပြုထားမှာပါ။

ဒါတင်မဟုတ်သေးဘဲ realme ကနေ အဆိုပါ realme 6 Series ဖုန်းတွေတင်မဟုတ်ဘဲ ကုမ္ပဏီအတွက် ပထမဆုံး Fitness Band ဖြစ်လာမယ့် realme Band ကိုပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref – GSM Arena