realme က စွမ်းဆောင်ရည်ကို အသားပေးထားတဲ့ P Series အသစ်ကို အိန္ဒိယမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ realme ရဲ့ ဒုတိယ ဥက္ကဌနဲ့ Global Marketing ဌာနရဲ့ ဥက္ကဌ Chase Xu က P Series ဟာ စွမ်းရည်သင့် ဖုန်း ဈေးကွက်ကို ပစ်မှတ်ထားတယ်လို့ ပြောပါတယ်။

Realme P series phones revealed in a sponsorship post on Instagram

သူက P Series စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ဘာမှ မပြောသွားပါဘူး။ ဒါပေမယ့် Promo တွေကြောင့် P Series ရဲ့ ပထမဆုံး ဖုန်းတွေဟာ realme P1 5G နဲ့ realme P1 Pro 5G တို့ ဖြစ်မယ်ဆိုတာ သိလာရပါတယ်။

realme P1 5G နဲ့ realme P1 Pro 5G တို့ဟာ နာမည်အတိုင်း 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပါတယ်။ ဆန်းသစ်တဲ့ ဒီဇိုင်း ပါလာမှာ ဖြစ်ပြီး စွမ်းရည်သင့် စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကို အသားပေးထားတဲ့ Series ဖြစ်တဲ့အတွက် ပြိုင်ဖက် စွမ်းရည်သင့် ဖုန်းတွေထက် ပိုကောင်းမယ်လို့ ထင်ရပါတယ်။

Realme confirms launch of new P-series; from expected price to features, here's what you need to know - BusinessToday

realme P Series ကို ဧပြီလ ဒုတိယ အပတ်မှ ကြေညာမယ်လို့ ပြောတဲ့အတွက် ဒီရက်ပိုင်းအတွင်း ဖြစ်လာနိုင်ပါတယ်။

Redmi ကလည်း စွမ်းဆောင်ရည်ကို အသားပေးထားတဲ့ Turbo Series အသစ်ကို ကြေညာတော့မှာ ဖြစ်ပြီး realme P Series ဟာ Redmi Turbo Series ကို လိုက်ဖိုက်တာလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena