ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ realme အနေနဲ့ မြန်မာပြည်မိုဘိုင်းစျေးကွက်အတွက် သူ့စျေးတန်းမှာအကောင်းဆုံးပုံစံအဖြစ် 108MP ကင်မရာနဲ့ပွဲထွက်လာမယ့် Champion series ထုတ်ကုန်သစ်ဖြစ်တဲ့ realme C67 ကို သိပ်မကြာခင်မှာ မိတ်ဆက်ရောင်းချပေးသွားတော့မှာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နှစ်သစ်ရဲ့ပထမဆုံး ထုတ်ကုန်တစ်ခုအဖြစ်မိတ်ဆက်ပေးသွားမယ့် realme C67 မှာ ဖုန်းရဲ့ကင်မရာပိုင်းတွင်သာမကဘဲ စွမ်းဆောင်ရည်ပိုင်းအတွက် Snapdragon 685 (6nm) Chipset ကိုပါ အသစ်စက်စက်အဖြစ်အသုံးပြုလာမှာဖြစ်သလို လူငယ်များ ပိုမိုတောင်းဆိုနေကြတဲ့ Audio ပိုင်းအတွက်လည်း ပိုမိုကောင်းမွန်တဲ့ Dual Stereo Speakers ပါဝင်လာမှာဖြစ်ပါတယ်။

90Hz FullHD Display နဲ့အတူ ပိုမိုသွက်လက်တဲ့အသွင်အဖြစ် Mini Capsule ကိုပါ ထိတွေ့သုံးစွဲနိုင်စေဦးမှာဖြစ်ပါတယ်။ စျေးကွက်တောင်းဆိုချက်အရ စိတ်ကြိုက်သိမ်းဆည်နိုင်စေသလို ဖုန်းရဲ့လုပ်ဆောင်ချက်ကိုပါမြန်ဆန်အောင်ဆောင်ရွက်ပေးနိုင်စေဖို့တွက် 8+256 (RAM+ROM) version ကိုပါ ထည့်သွင်းရောင်းချပေးသွားဖို့ရှိပါတယ်။

realme ရဲ့ ကမ္ဘာ့အဆင့်အောင်မြင်မှုမှတ်တိုင်တွေကို ပြန်ကြည့်မယ်ဆိုရင် လူငယ်သုံးစွဲသူတွေအပေါ်ပိုမိုနားလည်းပြီး အဆိုပါအချက်ကို အလေးပေးလုပ်ဆောင်နေခြင်းက အဓိကအချက်အဖြစ်ရပ်တည်နေတာပဲဖြစ်ပါတယ်။

realme ရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်သူ Sky Li ယုံကြည်ထားတာက “သင်ဘယ်သူပဲဖြစ်နေပါစေ၊ ကမ္ဘာကြီးကိုပြောင်းလဲဖြစ်ဖို့အခွင့်အရေး သင့်မှာရှိနေတယ်” ဆိုတဲ့အချက်ပါ။ ဒါကြောင့်လည်း realme အနေနဲ့ ရှေ့လွန်ခဲ့တဲ့နှစ်တွေမှာ “Dare to Leap” ဆိုတဲ့ ဆောင်ပုဒ်ကို အသုံးပြုကာရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ဒါဟာ realme အမှတ်တံဆိပ်ရဲ့စိတ်ဓာတ်ကိုဖော်ညွှန်းထားတာဖြစ်သလို လွန်ခဲ့တဲ့ ၅နှစ်တစ်လျှောက်လုံးမှာ လူငယ်တွေရဲ့ စိတ်နေစိတ်ထားတွေကို လှစ်ဟပြသခဲ့တာလည်းဖြစ်ပါတယ်။

အခု ၂၀၂၄ ခုနှစ်ရဲ့ မီဒီယာအကြိုတွေ့ဆုံတဲ့ပွဲမှာတော့ realme က “Dare to Leap” ဆိုတဲ့ စိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်စေမယ့် နောက်ထပ် ဆောင်ပုဒ်သစ်တစ်ခုဖြစ်တဲ့ “Make it real.” ဆိုတာကို ဖော်ထုတ်ချပြပေးလိုက်ပြီပဲဖြစ်ပါတယ်။ ဒီအချက်က realme အမှတ်တံဆိပ်အကြောင်းရဲ့ အတိုင်းအတာကို ပိုမိုကျယ်ပြောသွားစေမှာဖြစ်ပါတယ်။ လူငယ်တွေအပေါ်မှာ ပိုမိုအာရုံစိုက်အလေးဂရုပြုသွားမယ်၊ သူတို့ဘဝတွေအတွက် စစ်မှန်၊ ရှင်းလင်းပြီး ထိတွေ့ခံစားနိုင်စေမယ့်အကျိုးကျေးဇူးတွေကို ယူဆောင်ပေးသွားမှာဖြစ်ပါတယ်။

ရှင်းလင်းတိကျတဲ့ အမှတ်တံဆိပ်တစ်ခုရပ်တည်ချက်ဟာ အတွင်းပိုင်းချိတ်ဆက်မှုတွေကို ညီညွတ်သွားစေမှာြဖစ်သလို ကုမ္ပဏီရဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေဆိုင်ရာ ဦးတည်ချက်ကိုပါ လမ်းညွှန်းပေးစေနိုင်မှာြဖစ်ပါတယ်။ ဒီအချက်က ပြိုင်ဆိုင်မှုပြင်းထန်တဲ့စျေးကွက်မှာ ထင်ရှားပေါ်လွန်စေဖို့ ကူညီပေးနိုင်သလို သုံးစွဲသူတွေရဲ့ယုံကြည်မှုကိုပါ တိုးပွားရင့်သန်လာစေဦးမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်တာကာလအတွင်းမှာ လူငယ်မျိုးဆက်သစ်တွေနဲ့ပတ်သက်တဲ့ အတွင်းကျကျ အသေးစိပ်လေ့လာသုံးသပ်ချက်တွေ အပေါ်အခြေခံကာ realme အနေနဲ့ “လူငယ်တွေကိုပိုမိုနားလည်တဲ့ နည်းပညာအမှတ်တံဆိပ်တစ်ခု” အဖြစ် အမှတ်တံဆိပ်ရပ်တည်ချက်အသစ်ကို အဆိုပြုတင်သွင်းပေးလိုက်တာဖြစ်ပါတယ်။ realme အနေနဲ့ယုံကြည်ထားတာက ရပ်တည်ချက်အသစ်က အရင်သုံးခဲ့တဲ့ဆောင်ပုဒ်ကနေ ကြီးမားစွာပြောင်းလဲသွားစေတာမျိုးမဟုတ်ဘဲ ပိုမိုပြည့်စုံအကြုံဝင်စေမယ့်ချဥ်းကပ်မှုမျိုးအဖြစ် မှတ်ယူထားတာဖြစ်ပါတယ်။

ရပ်တည်ချက်အသစ်နဲ့အတူ realme ရဲ့ရှေရှည်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက နောက်ထပ်များပြားတဲ့စျေးကွက်တွေ၊ နယ်ပယ်ဒေသတွေက ပိုမိုများပြာတဲ့လူငယ်တွေနဲ့ ပိုမိုကောင်းမွန်စွာချိတ်ဆက်နိုင်စေဖို့ အကူအညီပြုစေမှာပဲဖြစ်ပါတယ်။

လူငယ်တွေကို ဗဟိုပြုထားပြီး သူတို့ရဲ့လိုအပ်ချက်တွေကို စဥ်ဆက်မပြတ်နားလည်နေခြင်းက ပြိုင်ဆိုင်မှုပြင်းထန်တဲ့စမတ်ဖုန်းစျေးကွက်မှာ realme ကို ကွဲပြားခြားနားသွားစေတာပဲဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခု ၂၀၂၄ ခုနှစ် မှာတော့ realme အနေနဲ့ မိမိကိုယ်တိုင်အတွက် ပိုမိုမြင့်မားတဲ့စံနှုန်းတွေကို သတ်မှတ်ပေးထားပြီဖြစ်ပြီး စွမ်းဆောင်ရည်နဲ့ ဒီဇိုင်းပိုင်းတို့ထက်ကျော်လွန်တဲ့ အလေးထားမှုတွေနဲ့အတူ “မျှော်လင့်ထားတာ တက်ပိုမိုကျော်လွန်စေမယ့် နည်းပညာအတွေ့အကြုံကောင်းတွေကို တစ်ကမ္ဘာလုံးမှာရှိတဲ့သူငယ်တွေ ထိတွေ့ခံစားနိုင်စေဖို့” ဆိုတဲ့ မစ်ရှင်အသစ်နဲ့အတူ ထုတ်ကုန်အတွေ့အကြုံ၊ ကုန်အမှတ်တံဆိပ်တစ်ခုလုံးရဲ့အတွေ့အကြုံတွေပေါ်မှာပါ ပိုမိုကျယ်ပြန့်စွာ အလေးထားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဆောင်ပုဒ်ရပ်တည်ချက်အသစ်ဖြစ်တဲ့ “Make it real.” က realme လုပ်ငန်းအဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့မဟာဗျူဟာ ဖွဲ့စည်မှုပုံစံကို လမ်းကြောင်းပေးဦးဆောင်သွားစေမှာြဖစ်သလို အတွင်းပိုင်းစိတ်ဓာတ်မြှင့်တင်မှုနဲ့ ဖန်တီးမှုစွမ်းရည်တွေကို နှိုးဆွပေးသွားစေမှာဖြစ်ပါတယ်။

Media release: realme