[Zawgyi]

Realme ဟာ အိႏၵိယအတြက္ ပထမဆုံး 64MP ကင္မရာနဲ႔စမတ္ဖုန္းကို ယူေဆာင္လာေပးမယ္လို႔ ကတိစကားထားခဲ့ဖူးပါတယ္။ ကနဦးသတင္းေတြမွာတုန္းကေတာ့ ကုမၸဏီကေျပာတဲ့ 64MP ကင္မရာဟာ ေက်ာဘက္မွာ အျခားကင္မရာ ေတြနဲ႔အတူ တပ္ဆင္ထားမယ္လို႔ သတင္းထြက္ခဲ့တာ ျဖစ္ပါတယ္။

အခုေတာ့ Realme ရဲ႕ CEO ျဖစ္သူ Madhav Sheth က ကုမၸဏီဟာ ေက်ာဘက္ကင္မရာ၄လုံးနဲ႔ စမတ္ဖုန္းအတြက္ လုပ္ကိုင္ေနၾကၿပီလို႔ အတည္ျပဳထုတ္ျပန္ ေျပာဆိုလိုက္ပါတယ္။ ဒါ့အျပင္ Realme ဟာ ေက်ာဘက္ကင္မရာေလးလုံး ပါဝင္တဲ့ စမတ္ဖုန္းကို သုံးမ်ိဳးသုံးစား ထုတ္လုပ္သြားမယ္လို႔လည္း သိရပါတယ္။

ဒီသတင္းဟာ လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္ကတည္းက ပ်ံ႕ႏွံ႔ေနတာျဖစ္ၿပီး Madhav Sheth ကိုယ္တိုင္က 64MP ကင္မရာနဲ႔စမတ္ဖုန္းကို Realme 5 လို႔ နာမည္ေပးမယ္ဆိုတဲ့အေၾကာင္း အတည္ျပဳေျပာဆိုခဲ့တာပါ။ ပုံမွန္ဆိုရင္ေတာ့ Realme 4 လို႔ နာမည္ေပးရမွာျဖစ္ေပမယ့္ ၄ ဂဏန္းဟာ တ႐ုတ္ႏိုင္ငံမွာ ကံမေကာင္းတဲ့ ဂဏန္းအျဖစ္ သတ္မွတ္ျခင္းခံရတဲ့အတြက္ Realme 5 လို႔ နာမည္ေပးျခင္း ျဖစ္တယ္လို႔လည္း သိခဲ့ရပါေသးတယ္။

Madhav ရဲ႕ တြစ္တာကတစ္ဆင့္ ေဖာ္ျပခ်က္အရ 64MP Super Big Sensor လို႔ သိရပါတယ္။ ဒါ့အျပင္ Realme 5 သာမက 5 Pro နဲ႔ Realme X Pro တို႔ကိုလည္း ဆက္တိုက္ဆိုသလိုမိတ္ဆက္လာဖြယ္ ရွိပါတယ္။ X Pro ကေတာ့ Snapdragon 855+ သုံးလိမ့္မယ္လို႔လည္း ေကာလာဟလသတင္းေတြ ထြက္ေနတာပါ။ Realme 5 ကိုေတာ့ ဒီပါဝလီပြဲေတာ္မတိုင္မီ ေအာက္တိုဘာ ေနာက္ဆုံးပတ္မွာ ျဖန႔္ခ်ိသြားမယ္လို႔လည္း သိရပါတယ္။

Ref: GSM Arena

[Unicode]

ကျောဘက် ကင်မရာလေးလုံးတပ်ဆင်ထားတဲ့ စမတ်ဖုန်းသုံးမျိုးကို မိတ်ဆက်တော့မယ့် Realme

Realme ဟာ အိန္ဒိယအတွက် ပထမဆုံး 64MP ကင်မရာနဲ့စမတ်ဖုန်းကို ယူဆောင်လာပေးမယ်လို့ ကတိစကားထားခဲ့ဖူးပါတယ်။ ကနဦးသတင်းတွေမှာတုန်းကတော့ ကုမ္ပဏီကပြောတဲ့ 64MP ကင်မရာဟာ ကျောဘက်မှာ အခြားကင်မရာ တွေနဲ့အတူ တပ်ဆင်ထားမယ်လို့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ Realme ရဲ့ CEO ဖြစ်သူ Madhav Sheth က ကုမ္ပဏီဟာ ကျောဘက်ကင်မရာ၄လုံးနဲ့ စမတ်ဖုန်းအတွက် လုပ်ကိုင်နေကြပြီလို့ အတည်ပြုထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် Realme ဟာ ကျောဘက်ကင်မရာလေးလုံး ပါဝင်တဲ့ စမတ်ဖုန်းကို သုံးမျိုးသုံးစား ထုတ်လုပ်သွားမယ်လို့လည်း သိရပါတယ်။

ဒီသတင်းဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ပျံ့နှံ့နေတာဖြစ်ပြီး Madhav Sheth ကိုယ်တိုင်က 64MP ကင်မရာနဲ့စမတ်ဖုန်းကို Realme 5 လို့ နာမည်ပေးမယ်ဆိုတဲ့အကြောင်း အတည်ပြုပြောဆိုခဲ့တာပါ။ ပုံမှန်ဆိုရင်တော့ Realme 4 လို့ နာမည်ပေးရမှာဖြစ်ပေမယ့် ၄ ဂဏန်းဟာ တရုတ်နိုင်ငံမှာ ကံမကောင်းတဲ့ ဂဏန်းအဖြစ် သတ်မှတ်ခြင်းခံရတဲ့အတွက် Realme 5 လို့ နာမည်ပေးခြင်း ဖြစ်တယ်လို့လည်း သိခဲ့ရပါသေးတယ်။

Madhav ရဲ့ တွစ်တာကတစ်ဆင့် ဖော်ပြချက်အရ 64MP Super Big Sensor လို့ သိရပါတယ်။ ဒါ့အပြင် Realme 5 သာမက 5 Pro နဲ့ Realme X Pro တို့ကိုလည်း ဆက်တိုက်ဆိုသလိုမိတ်ဆက်လာဖွယ် ရှိပါတယ်။ X Pro ကတော့ Snapdragon 855+ သုံးလိမ့်မယ်လို့လည်း ကောလာဟလသတင်းတွေ ထွက်နေတာပါ။ Realme 5 ကိုတော့ ဒီပါဝလီပွဲတော်မတိုင်မီ အောက်တိုဘာ နောက်ဆုံးပတ်မှာ ဖြန့်ချိသွားမယ်လို့လည်း သိရပါတယ်။

Ref: GSM Arena