Realme X Spiderman Edition ကို တရုတ္မွာ ကုမၸဏီရဲ႕ တရား၀င္ ၀က္ဘ္ဆိုက္ကေန ေရာင္းခ်ေပးလိုက္ပါတယ္။ 8GB/128GB Model ကို ယြမ္ ၁၇၉၉ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၃၉၀ ၀၀၀ ေလာက္ က်သင့္မွာ ျဖစ္ပါတယ္။ လာမယ့္ တနလၤာေန႔မွာ Realme X Spiderman Edition ကို သာမာန္ ေမာ္ဒယ္နဲ႔အတူ အိႏၵိယမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Realme X Spiderman Edition အတြက္ အထူးထုတ္ထားတဲ့ အနီေရာင္ ဘူးခြံပါပါတယ္။ လွ်င္ျမန္စြာ အားသြင္းစနစ္ျဖစ္တဲ့ VOOC 3.0 Charger ပါပါတယ္။ အနီေရာင္ Case ပါလာၿပီး Spiderman Theme ျဖစ္ပါတယ္။ Case မွာ ေနာက္ထြက္မယ့္ ရုပ္ရွင္ ျဖစ္တဲ့ Spiderman: Far From Home Logo ပါပါတယ္။ Realme X Spider-Man Far From Home Gift Box ကို အနီေရာင္ျပဳလုပ္ထားပါတယ္။ ပင့္ကူလူသား သေကၤတ ႏွစ္ခုကို ဘူးမွာ ေရးထြင္းထားပါတယ္။ ဘူးထဲမွာ Realme X , VOOC 3.0 Adapter, Spider-Man Case , SIM-Eject Pin မ်ား ပါပါတယ္။

ဖုန္းကို ပါ၀ါဖြင့္လိုက္ရင္ Wallpaper နဲ႔ Icon Packs မ်ား အပါအ၀င္ Spider-Man Theme နဲ႔ User ကို ႏႈတ္ဆက္မွာ ျဖစ္ပါတယ္။ အဲဒီ အရာမ်ားကလြဲၿပီး အျခား Specs မ်ားက မူလ Realme X နဲ႔ တူညီပါတယ္။ Realme X မွာ  ၆.၅ လက္မ AMOLED Display တပ္ဆင္ထားပါတယ္။  Qualcomm Snapdragon 710 Chipset နဲ႔ 16MP Pop-up Camera မ်ား ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ 48MP+5MP Dual Camera မ်ား ပါပါတယ္။ 4GB RAM + 64GB, 4GB + 64GB or 8GB + 128GB  မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ Android 9.0 အေျချပဳ ColourOS 6 ေမာင္းနွင္ထားပါတယ္။ ဘက္ထရီကေတာ့ 3,765mAh ဘက္ထရီ ျဖစ္ပါတယ္။ မိနစ္ ၃၀ အတြင္း အား ၅၅ ရာခိုင္ႏႈန္းအထိ သြင္းေပးႏိုင္ပါတယ္။

Ref : gsmarena

[Unicode]

Realme X Spiderman Edition ကို တရုတ်မှာ ရောင်းပြီ

Realme X Spiderman Edition ကို တရုတ်မှာ ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ ရောင်းချပေးလိုက်ပါတယ်။ 8GB/128GB Model ကို ယွမ် ၁၇၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၉၀ ၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့မှာ Realme X Spiderman Edition ကို သာမာန် မော်ဒယ်နဲ့အတူ အိန္ဒိယမှာ ရောင်းချမှာ ဖြစ်ပါတယ်။

Realme X Spiderman Edition အတွက် အထူးထုတ်ထားတဲ့ အနီရောင် ဘူးခွံပါပါတယ်။ လျှင်မြန်စွာ အားသွင်းစနစ်ဖြစ်တဲ့ VOOC 3.0 Charger ပါပါတယ်။ အနီရောင် Case ပါလာပြီး Spiderman Theme ဖြစ်ပါတယ်။ Case မှာ နောက်ထွက်မယ့် ရုပ်ရှင် ဖြစ်တဲ့ Spiderman: Far From Home Logo ပါပါတယ်။ Realme X Spider-Man Far From Home Gift Box ကို အနီရောင်ပြုလုပ်ထားပါတယ်။ ပင့်ကူလူသား သင်္ကေတ နှစ်ခုကို ဘူးမှာ ရေးထွင်းထားပါတယ်။ ဘူးထဲမှာ Realme X , VOOC 3.0 Adapter, Spider-Man Case , SIM-Eject Pin များ ပါပါတယ်။

ဖုန်းကို ပါဝါဖွင့်လိုက်ရင် Wallpaper နဲ့ Icon Packs များ အပါအဝင် Spider-Man Theme နဲ့ User ကို နှုတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ အရာများကလွဲပြီး အခြား Specs များက မူလ Realme X နဲ့ တူညီပါတယ်။ Realme X မှာ ၆.၅ လက်မ AMOLED Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 710 Chipset နဲ့ 16MP Pop-up Camera များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 48MP+5MP Dual Camera များ ပါပါတယ်။ 4GB RAM + 64GB, 4GB + 64GB or 8GB + 128GB များ ရွေးချယ်နိုင်ပါတယ်။ Android 9.0 အခြေပြု ColourOS 6 မောင်းနှင်ထားပါတယ်။ ဘက်ထရီကတော့ 3,765mAh ဘက်ထရီ ဖြစ်ပါတယ်။ မိနစ် ၃၀ အတွင်း အား ၅၅ ရာခိုင်နှုန်းအထိ သွင်းပေးနိုင်ပါတယ်။

Ref : gsmarena