Realme X3 ရဲ့ သတင်းတွေ ထွက်နေတာ ဒီလ အစောပိုင်းထဲက ဖြစ်ပြီး ရိုးရိုး X3 နဲ့ X3 SuperZoom မော်ဒယ် ၂ မျိုး ထွက်လာနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်များစွာ ဒီလ အစောပိုင်းထဲက အွန်လိုင်းမှာ ထွက်ပေါ်ခဲ့ပြီး အခုတော့ Bluetooth SIG ရဲ့ ဒေတာဘေ့စ်ထဲမှာ X3 SuperZoom ကို တွေ့လာရပါပြီ။

Bluetooth SIG မှာ Realme X3 SuperZoom ရဲ့ မော်ဒယ်နံပါတ်ဟာ RMX2086 ဖြစ်ပြီး Bluetooth 5.1 ဆက်သွယ်မှု ပါလာမယ်လို့ ဖော်ပြထားပါတယ်။ တခြား သတင်းတွေအလက်တွေတော့ မဖော်ပြထားသေးပါဘူး။

Geekbench က စာရင်းအရ Realme X3 SuperZoom မှာ Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 855+ Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM အထိ ရွေးချယ်နိုင်မယ်လို့ ဖော်ပြထားပါတယ်။ Android 10 OS ပါလာမယ်လို့ သိရပါတယ်။

အဲဒီ စမတ်ဖုန်းမှာ Telephoto ကင်မရာ ၁ လုံးပါလာမှာဖြစ်ပြီး 20x Hybrid Zoom အထိ ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ Optical Magnification ဘယ်လောက်ရှိမလဲဆိုတာ မသိရသေးပါဘူး။ အာဏာပိုင်များစွာမှာ မှတ်ပုံတင်ထားတဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။

Ref : gsmarena