realme ကနေ မကြာခင်မှာ Redmi K30 Pro Zoom Edition ကို ယှဥ်ပြိုင်ဖို့အတွက် realme X3 SuperZoom ဆိုပြီး စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လာဖို့ရှိနေတာဖြစ်ပါတယ်။ အခုလည်း Geekbench Website ကနေတစ်ဆင့် အဆိုပါ realme X3 SuperZoom စမတ်ဖုန်းမှာပါဝင်လာမယ့် Specs တွေကို အတည်ပြုနိုင်ခဲ့ပါတယ်။

realme X3 SuperZoom ဖုန်းဟာ Model Number အနေနဲ့ RMX2086 လို့သိရပြီးတော့ လက်ရှိ Flagship Processor ဖြစ်တဲ့ Snapdragon 865 အစား Snapdragon 855 ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါ့အပြင် 5G ကိုလည်း Support ပြုလုပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။

Geekbench 5 Website ရဲ့ ဖော်ပြချက်အရတော့ realme X3 SuperZoom စမတ်ဖုန်းဟာ Single-core Score 788 Marks နဲ့ Multi-core Score 2624 Marks ရရှိခဲ့ပါတယ်။ ဒါ့အပြင် Android 10 OS ကို အသုံးပြုထားပြီး RAM 12GB ပါဝင်မယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီအတွက် realme SuperZoom စမတ်ဖုန်းဟာ Specification ပိုင်းမှာတော့ မနှစ်တုန်းက Flagship ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်ပဲရှိမှာဖြစ်ပေမယ့် Camera ပိုင်းမှာတော့ 108MP Primary Sensor အပြင် Zoom ပိုင်းတော်တော်လေးကို ကောင်းမယ့် Telephoto Sensor ပါ ပါဝင်လာမယ့် Quad Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ်အထိတော့ realme X3 SuperZoom စမတ်ဖုန်းကို မိတ်ဆက်မယ့်အချိန်ကို အတိအကျမသိရှိရသေးပါဘူး။

Ref – Gizmo China