ဥရောပမှာ ပြီးခဲ့တဲ့ လက realme X3 SuperZoom ကို ကြေညာခဲ့ပြီး Snapdragon 855+ Chipset, 12GB RAM, 256GB Storage နဲ့ 60x SuperZoom Mode တွေ ပါပါတယ်။ ၄၉၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၉ သောင်းလောက် ရှိပါတယ်။

realme က အဲဒီ ဖုန်းကို အိန္ဒိယမှာ realme X3 , realme X3 Pro တို့နဲ့အတူ မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။ realme India ရဲ့ CMO Francis Wang က အိန္ဒိယမှာ မတူညီတဲ့ Processor ပါတဲ့ realme X3 SuperZoom ထွက်လာမယ်လို့ တွစ်တာကနေ အရိပ်အမြွက် အသိပေးလိုက်ပါတယ်။

တွစ်တာက အဲဒီပို့စ်ရဲ့ ကွန်းမန့်မှာ Snapdragon 765 , Snapdragon 765G နဲ့ ဥရောပမော်ဒယ်ရဲ့ Snapdragon 855+ Chipset တွေပါမယ်လို့ ထင်ကြေးပေးနေကြပါတယ်။ အိန္ဒိယ မော်ဒယ်မှာ ထည့်သွင်းထားမယ့် Chipset နဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ သတင်းတွေ မထွက်လာသေးပါဘူး။ ကြေညာမယ့်အချိန်ကျမှ တရားဝင် သိရမှာ ဖြစ်ပါတယ်။

realme က အိန္ဒိယမှာ realme X3 Series ကြေညာမယ့် အချိန်ကို မပြောသေးပေမယ့် ဒီလထဲမှာ မိတ်ဆက်နိုင်ပါတယ်။ မကြာခင်မှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမိုထွက်ပေါ်လာနိုင်ပါတယ်။

Ref : gizmochina