Realme က X3 SuperZoom စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ အဲဒီဖုန်းဟာ Certifications တချို့ကို ရရှိထားပြီးပြီ ဖြစ်ပြီး  Benchmark က စာရင်းအရ အရင်နှစ်ထုတ် Snapdragon 855+ Chipset မောင်းနှင်ထားမှာပါ။ 12GB RAM ထည့်သွင်းထားပါတယ်။

အခုတော့ အဲဒီ ဖုန်းမှာ 60x Zoom ပါလာမယ်လို့ တွစ်တာကနေ သတင်းထွက်လာပါတယ်။ အဲဒီအတွက် Periscope Zoom ကင်မရာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Realme ရဲ့ ထုံးစံအတိုင်းပဲ X3 SuperZoom ဟာ ဈေးချိုမှာ ဖြစ်ပါတယ်။  Realme X3 SuperZoom မှာ 4,200mAh ဘက်ထရီနဲ့ 30W Fast Charging ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ X3 SuperZoom နဲ့အတူ ရိုးရိုး X3 နဲ့ X3 Pro တို့ကိုပါ ကြေညာနိုင်ပါတယ်။

အဲဒီဖုန်းကို Bluetooth SIG မှာ မှတ်ပုံတင်ထားပြီး Bluetooth 5.1 ဆက်သွယ်မှု ပါလာမယ်လို့ ဖော်ပြထားပါတယ်။ အရင်သတင်းတွေအရ Android 10 OS ပါလာမယ်လို့ သိရပါတယ်။  အာဏာပိုင်များစွာမှာ မှတ်ပုံတင်ထားတဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။

Ref : gsmarena