realme ကနေ လာမယ့်မေလ ၂၆ ရက်နေ့မှာ realme X3 SuperZoom စမတ်ဖုန်းကို မိတ်ဆက်သွားတော့မှာပါ။ အစောပိုင်းတုန်းက realme ကနေ အဆိုပါစမတ်ဖုန်းရဲ့ Camera ပိုင်းစွမ်းဆောင်ရည်နဲ့ ပတ်သက်တဲ့ Teaser တွေကို ဖော်ပြခဲ့ပေမယ့် အခုအချိန်မှာတော့ တခြားသော Specification တွေကိုပါ ဖော်ပြထားတဲ့ Teaser ဓါတ်ပုံတွေကို ထပ်မံဖော်ပြလိုက်ပါပြီ။

အခု Teaser ဓါတ်ပုံတွေအရတော့ realme X3 SuperZoom က Qualcomm Snapdragon 855+ Chipset ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပြီး Antutu ရမှတ်ကိုပါ ဖော်ပြခဲ့ပါတယ်။ အဆိုပါ Antutu ရမှတ်အနေနဲ့ ၅၁၇,၇၄၃ မှတ်ရရှိခဲ့တဲ့အတွက် Snapdragon 855+ Chipset တစ်ခုအနေနဲ့ အထင်ကြီးဖို့ကောင်းပြီးတော့ realme ရဲ့ ပြောကြားချက်အရတော့ လက်ရှိ Snapdragon 855+ Chipset သုံးထားတဲ့ဖုန်းတွေထဲမှာ ရမှတ်အများဆုံးစမတ်ဖုန်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ realme X3 SuperZoom စမတ်ဖုန်းဟာ 120Hz Refresh Rate ကို Support ပြုလုပ်တဲ့ Ultra Smooth Display ပါဝင်မှာဖြစ်ပါတယ်။ Fingerprint Sensor ကို ဖုန်းရဲ့ ဘေးဘက် Power Button မှာတပ်ဆင်ထားတဲ့အတွက် ဖြစ်နိုင်တာကတော့ Display က OLED အစား LCD Display ကိုပဲ အသုံးပြုလာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် realme X3 SuperZoom စမတ်ဖုန်းဟာ Camera ပိုင်းတော်တော်လေးကို ကောင်းမွန်လာမယ့်အပြင် မနှစ်တုန်းက Snapdragon 855+ Chipset ကို အသုံးပြုထားတဲ့အတွက် စျေးနှုန်းအနေနဲ့ လက်ရှိ Flagship ဖုန်းတွေထက် သက်သာဖို့များနေပါတယ်။

Ref – GSM Arena