realme က တရုတ်မှာ စမတ်ဖုန်း ၃ လုံး အပါအဝင် ထုတ်ကုန် အသစ်များစွာကို ကြေညာလိုက်ပါတယ်။ အဲဒီထဲမှာ realme X50 Pro Player ပါလာပြီး ကိုယ်ထည်က realme X50 Pro နဲ့ တူပါတယ်။ ဒါပေမယ့် X50 Pro Player မှာ Hardware တွေကို အဆင့်မြှင့်ထားပါတယ်။

realme X50 Pro Player မှာ Snapdragon 865 Chipset မောင်းနှင်ထားပြီး 5G ထောက်ပံ့ထားပါတယ်။ ၆.၄၄ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ LPDDR5 RAM နဲ့ UFS 3.0 Storage ပါတဲ့အတွက် လျှင်မြန်သွက်လက်မှာပါ။ HyperBoost 3.0 က မန်မိုရီ ၊ Chipset နဲ့ ဘက်ထရီတို့ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးပြီး ဂိမ်းကစားရင် အရမ်းလန်းစေမှာပါ။ ဂိမ်းကစားတဲ့ အခါမှာ Notification တက်မလာအောင်၊ နောက်ကွယ်မှာ App တွေ Run မနေအောင်ပြုလုပ်ပေးသလို Location Services ကို ပိတ်ပေးထားမှာပါ။

realme CMO Xu Qi Chase က X50 Pro မှာလို 65W Fast Charging ထောက်ပံ့ထားတယ်လို့ ပြောတဲ့အတွက် အားသွင်းနှုန်းက လန်ထွက်နေမှာပါ။ 4,200mAh ဘက်ထရီ ထည့်ထားပြီး ၃၅ မိနစ်အတွင်းမှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ ၃ မိနစ်အားသွင်းရင် ၁ နာရီလောက် ဖုန်း ပြောနိုင်ပါတယ်။ HyperBoost 3.0 ဟာ WiFi ၊ LTE နဲ့ 5G အကြားမှာ တုန့်ဆိုင်းမှု မရှိဘဲ ပြောင်းပေးနိုင်သလို အွန်လိုင်း ဂိမ်း ကစားရင်လည်း စွမ်းရည် မကျသွားပါဘူး။ CMO က ဘက်ထရီနဲ့ အနောက်ကာဗာ အကြားမှာ Graphite Sheets တွေ ထည့်ထားတဲ့အတွက် အပူစုပ်ယူအားကောင်းပြီး ဂိမ်း ကစားရင် အရမ်းလန်းတယ်လို့ ပြောပါတယ်။

ဂိမ်း ကစားရင် ပိုကောင်းအောင် လုပ်ထားပေမယ့် ကင်မရာတွေကို လျှော့ချထားပါတယ်။ X50 Pro Player မှာ 64MP အစား 48MP ကို သုံးထားပြီး Telephoto ကင်မရာ အစား 2MP Macro ကင်မရာ ထည့်ထားပါတယ်။ အရှေ့ဘက်မှာလည်း 32+8MP အစား 16+2MP Depth ကင်မရာတွေ အစားထိုးထားပါတယ်။

realme X50 Pro Player Edition အတွက် Light Speed Silver နဲ့ Phantom Black အရောင် ၂မျိူး ထုတ်လုပ်ထားပြီး စျေးနှုန်းတွေက RAM 6GB / Storage 128GB ဗားရှင်းကို တရုတ်ငွေ ၂၆၉၉ ယွမ် (မြန်မာငွေ ၅သိန်း ၃သောင်း ဝန်းကျင်)၊ RAM 8GB / Storage 128GB ဗားရှင်းကို တရုတ်ငွေ ၂၉၉၉ ယွမ် (မြန်မာငွေ ၆သိန်း နီးပါး) နဲ့ RAM 12GB / Storage 128GB ဗားရှင်းကို တရုတ်ငွေ ၃၂၉၉ ယွမ် (မြန်မာငွေ ၆သိန်းခွဲ နီးပါး) အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena