Realme က X50 နဲ့ X50 Pro တို့ပြီးနောက်မှာ တတိယမြောက် 5G ဖုန်းကို ကြေညာလိုက်ပါတယ်။ Realme X50m 5G မှာ Snapdragon 765G SoC မောင်းနှင်ထားပြီး X50 နဲ့ တူပါတယ်။ Android 10 အခြေပြု Realme UI ပါလာပြီး ၆.၅၇ လက်မ 20:9 120Hz LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Full HD+ Resolution ရှိပြီး ဆေးတောင့်ပုံ Punch Hole မှာ 16MP Wide နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Portrait ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး Realme 6 Pro မှာ မိတ်ဆက်ခဲ့တဲ့ UIS Max Video Recording ပါလာပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာနဲ့ 120fps Slow-motion Video တွေ ရိုက်ကူးနိုင်ပါတယ်။

Dual-mode 5G (SA/NSA) ထောက်ပံ့ထားပြီး NFC နဲ့ Bluetooth 5.0 Chips တွေ ပါပါတယ်။ ဘေးဘက် လက်ဗွေရာ ကိရိယာ ထည့်ထားပြီး Liquid Copper Tube Cooling 3.0 ထည့်ထားတဲ့အတွက် ဂိမ်းကစားရင် အပူချိန်လျှော့ချ‌ပေးပါတယ်။ Dolby , Hi-res Audio , Dual Microphones တွေ ပါတဲ့အတွက် အသံထွက်က လန်းမှာပါ။ 3.5mm Audio Jack မပါဘဲ USB-C Port ကနေ နားကြပ်နဲ့ ချိတ်ဆက် နားဆင်နိုင်ပါတယ်။

30W Dart Fast Charging ပါတဲ့ 4,200mAh ဘက်ထရီ ထည့်ထားတဲ့အတွက် ၃၀ မိနစ်အတွင်းမှာ ၇၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ 6/128GB နဲ့ 8/128GB ၂ မျိုး ထုတ်လုပ်ထားပြီး ၁,၉၉၉ ယွမ်နဲ့ ၂,၂၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သိန်းနဲ့ ၄ သိန်း ၇ သောင်းလောက် ရှိပါတယ်။ တရုတ်မှာ ၂၉ ရက်နေ့မှာ ရောင်းမှာဖြစ်ပြီး တခြားနိုင်ငံမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena