[Zawgyi]

realme ကအသစ္မိတ္ဆက္ေပးလိုက္သည့္ realme 5 ႏွင့္ realme 5 Pro ထုတ္ကုန္သစ္မ်ားကို ယခုအခါတြင္ ေဈးကြက္အတြင္းဝယ္ယူရရွိႏိုင္ၿပီျဖစ္သလို ထူးထူးျခားျခားအျဖစ္ သုံးစြဲသူမ်ားပိုမိုစိတ္ဝင္စားေနၾကသည့္ realme 5 (RAM 3GB+ ROM 32GB) အမ်ိဳးအစားကို ေဈးႏႈန္း ၂၂၉,၉ဝဝ က်ပ္ျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရွိရသည္။

ယခု realme 5 (RAM 3GB+ ROM 32GB) အမ်ိဳးအစားမွာ realme 5 series ထဲတြင္ ေဈးႏႈန္းအသက္သာဆုံးျဖစ္ၿပီး Leap To Quad Camera ဆိုသည့္အတိုင္း ဆန္းသစ္သည့္ကင္မရာ ၄လုံးစနစ္ကို ထိေတြ႕အသုံးျပဳရမည္ျဖစ္သည္။ 12MP ပင္မရာ ကင္မရာႏွင့္အတူ၊ ၁၁၉ ဒီဂရီအထိျမင္ကြင္းက်ယ္ပုံမ်ား႐ိုက္ယူႏိုင္ေစမည့္ 8MP Ultra Wide-angle Lens, Unique Retro Portrait ပုံမ်ား႐ိုက္ႏိုင္ေစမည့္ 2MP depth sensor၊ ၄ စင္တီမီတာအကြာအေဝးမွ အႏုစိတ္ျမင္ကြင္းမ်ားကို ဖမ္းယူႏိုင္ေစမည့္ 2MP Ultra Macro Lens တို႔ကိုထည့္သြင္းေပးထားသည္။ ေရွ႕ဘက္ Selfie ကင္မရာအတြက္ 13MP အမ်ိဳးအစားကိုသုံးေပးထားၿပီး FullHD video မ်ားကိုပါ 30fps ႏႈန္းျဖင့္ ဖမ္းယူႏိုင္ေစဦးမည္ျဖစ္သည္။

မ်က္ႏွာျပင္အ႐ြယ္အစားမွာ ပိုမိုျပည့္ဝက်ယ္ဝန္းသည့္ HD+ 6.5-inch IPS display ကိုအသုံးျပဳေပးထားသည့္အတြက္ Multimedia စနစ္ကို စိတ္တိုင္းက်ခံစားၾကည့္ရႈႏိုင္ေစမည္ျဖစ္သည္။ ဖုန္းတစ္လုံးအသုံးျပဳမႈအပိုင္းတြင္ ပိုမိုအေရးပါလာသည့္ battery ပိုင္းအတြက္ 5000mAh ပမာဏကိုအသုံးျပဳေပးထားသည့္အတြက္ ဖုန္းကို မသုံးဘဲ stand-by အျဖစ္ထားရွိပါက ရက္ေပါင္း ၃ဝေလာက္အထိၾကာရွည္ခံေစသလို PUBG ဂိမ္းတစ္မ်ိဳးတည္းကစားမည္ဆိုပါက ၉နာရီနီးပါးအထိ အသုံးျပဳေဆာ့ကစားႏိုင္မည္ျဖစ္သည္။ realme 5 တြင္စြမ္းေဆာင္ရည္ေကာင္းမြန္သည့္ Qualcomm ၏ တတိယမ်ိဳးဆက္ျဖစ္ေသာ Snapdragon 665 AIE Chipset ကိုအသုံးျပဳေပးထားျခင့္ေၾကာင့္ ျမန္ဆန္သြက္လက္သည့္ဂိမ္းအေတြ႕အႀကဳံပိုင္းကိုပါ ရရွိခံစားႏိုင္ေစမည္ျဖစ္သည္။ realme 5 အတြက္ Crystal Blue ႏွင့္ Crystal Purple ၂မ်ိဳးကို ေ႐ြးခ်ယ္ႏိုင္မည္ျဖစ္သည္။

[Unicode]

ကင်မရာ ၄လုံးစနစ်၊ ၆.၅လက်မ မျက်နှာပြင်နှင့် 5000mAh battery ပါဝင်သည့် realme 5 (3+32 version) ကို ၂၂၉,၉ဝဝ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိ

realme ကအသစ်မိတ်ဆက်ပေးလိုက်သည့် realme 5 နှင့် realme 5 Pro ထုတ်ကုန်သစ်များကို ယခုအခါတွင် ဈေးကွက်အတွင်းဝယ်ယူရရှိနိုင်ပြီဖြစ်သလို ထူးထူးခြားခြားအဖြစ် သုံးစွဲသူများပိုမိုစိတ်ဝင်စားနေကြသည့် realme 5 (RAM 3GB+ ROM 32GB) အမျိုးအစားကို ဈေးနှုန်း ၂၂၉,၉ဝဝ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

ယခု realme 5 (RAM 3GB+ ROM 32GB) အမျိုးအစားမှာ realme 5 series ထဲတွင် ဈေးနှုန်းအသက်သာဆုံးဖြစ်ပြီး Leap To Quad Camera ဆိုသည့်အတိုင်း ဆန်းသစ်သည့်ကင်မရာ ၄လုံးစနစ်ကို ထိတွေ့အသုံးပြုရမည်ဖြစ်သည်။ 12MP ပင်မရာ ကင်မရာနှင့်အတူ၊ ၁၁၉ ဒီဂရီအထိမြင်ကွင်းကျယ်ပုံများရိုက်ယူနိုင်စေမည့် 8MP Ultra Wide-angle Lens, Unique Retro Portrait ပုံများရိုက်နိုင်စေမည့် 2MP depth sensor၊ ၄ စင်တီမီတာအကွာအဝေးမှ အနုစိတ်မြင်ကွင်းများကို ဖမ်းယူနိုင်စေမည့် 2MP Ultra Macro Lens တို့ကိုထည့်သွင်းပေးထားသည်။ ရှေ့ဘက် Selfie ကင်မရာအတွက် 13MP အမျိုးအစားကိုသုံးပေးထားပြီး FullHD video များကိုပါ 30fps နှုန်းဖြင့် ဖမ်းယူနိုင်စေဦးမည်ဖြစ်သည်။

မျက်နှာပြင်အရွယ်အစားမှာ ပိုမိုပြည့်ဝကျယ်ဝန်းသည့် HD+ 6.5-inch IPS display ကိုအသုံးပြုပေးထားသည့်အတွက် Multimedia စနစ်ကို စိတ်တိုင်းကျခံစားကြည့်ရှုနိုင်စေမည်ဖြစ်သည်။ ဖုန်းတစ်လုံးအသုံးပြုမှုအပိုင်းတွင် ပိုမိုအရေးပါလာသည့် battery ပိုင်းအတွက် 5000mAh ပမာဏကိုအသုံးပြုပေးထားသည့်အတွက် ဖုန်းကို မသုံးဘဲ stand-by အဖြစ်ထားရှိပါက ရက်ပေါင်း ၃ဝလောက်အထိကြာရှည်ခံစေသလို PUBG ဂိမ်းတစ်မျိုးတည်းကစားမည်ဆိုပါက ၉နာရီနီးပါးအထိ အသုံးပြုဆော့ကစားနိုင်မည်ဖြစ်သည်။ realme 5 တွင်စွမ်းဆောင်ရည်ကောင်းမွန်သည့် Qualcomm ၏ တတိယမျိုးဆက်ဖြစ်သော Snapdragon 665 AIE Chipset ကိုအသုံးပြုပေးထားခြင့်ကြောင့် မြန်ဆန်သွက်လက်သည့်ဂိမ်းအတွေ့အကြုံပိုင်းကိုပါ ရရှိခံစားနိုင်စေမည်ဖြစ်သည်။ realme 5 အတွက် Crystal Blue နှင့် Crystal Purple ၂မျိုးကို ရွေးချယ်နိုင်မည်ဖြစ်သည်။