Reddit က Polygon ရဲ့ Blockchain မှာ တင်ထားတဲ့ NFT တွေကို ရောင်းချမယ့် Collectibles Avatar ဈေးကွက်ကို လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
Forum နဲ့ Online Communities များစွာ အခြေစိုက်တဲ့ Reddit Website ဟာ အနုပညာရှင်တွေနဲ့ ပူးပေါင်းကာ တစ်မူထူးခြားတဲ့ Avatar တွေကို ဖန်တီးမှာ ဖြစ်ပြီး Reddit User တွေက အဲဒီ Avatar တွေကို ပုံသေ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ကာ Gear တွေနဲ့ Customize လုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Avatar တွေကို ဝယ်ယူထားသူတွေဟာ Reddit ပြင်ပမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Collectible Avatar တွေကို ပရိုဖိုင် အဖြစ် သတ်မှတ်ထားသူတွေဟာ ကွန်းမန့် Section မှာ Glow-like Effect ကို ရရှိမှာ ဖြစ်ပါတယ်။
Collectible Avatar တွေကို အမေရိကန် ဒေါ်လာလို နိုင်ငံသုံး ငွေကြေးတွေနဲ့ပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ Crypto နဲ့ ဝယ်ယူလို့ မရသေးသလို OpenSea လို ဈေးကွက်တွေမှာ လေလံဆွဲလို့လည်း မရသေးပါဘူး။
Polygon ဈေးကွက်နဲ့အတူ Reddit ဟာ Vault လို့ ခေါ်တဲ့ Ethereum အခြေပြု Wallet တစ်ခုကိုလည်း ဖန်တီးမှာ ဖြစ်ပါတယ်။ Reddit ဟာ အခု ဝန်ဆောင်မှု အသစ်ကို စောစောစီးစီး အသုံးပြုနိုင်မယ့် Forum တစ်ခုကို တည်ထောင်ထားပြီး User တွေဟာ ဒစ်ဂျစ်တယ် Wallet တွေကို စောစောစီးစီး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Ref : decrypt