Redmi ကုမ္ပဏီက သူတို့ရဲ့ Redmi 10X စီးရီးကို မေလ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး X စမတ်ဖုန်းလိုင်းရဲ့ ပထမဆုံးထုတ်ကုန်ဖြစ်လာမယ်လို့ ကြေညာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ Xiaomi အကြီးအကဲ တစ်ဦးကလည်း ဒီဖုန်းဟာ MediaTek Dimensity 820 5G ချစ်ပ်ဆက်ကို အသုံးပြုလာမယ့် ပထမဆုံးဖုန်းလည်း ဖြစ်လာမယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

Xiaomi ဥက္ကဌနဲ့ Redmi ရဲ့အထွေထွေမန်နေဂျာရာထူးယူထားသူ Lu Weibing က Redmi 10X စီးရီးမှာ MediaTek ရဲ့နောက်ဆုံးပေါ် ဘတ်ဂျက် 5G ချစ်ပ်ဆက်ကို အသုံးပြုလာဖို့ အတည်ပြုပေးခဲ့တာပါ။ မိတ်ဆက်ထားတာ မကြာသေးတဲ့ Dimensity 820 ချစ်ပ်ဆက်ဟာ AnTuTu မှာ ရမှတ် 415,672 ထိ ရရှိထားပြီး အထင်ကြီးစရာ စွမ်းဆောင်ရည်လို့ ဆိုရမှာပါ။

Redmi 10X စမတ်ဖုန်းမှာ FHD+ Resolution နဲ့ 6.57” OLED Display ပါဝင်မှာပါ။ မန်မိုရီက 8GB RAM နဲ့ 256GB Storage ဖြစ်ပါတယ်။ ရှေ့ဘက်မှာ 16MP ဆဲလ်ဖီးကင်မရာပါလာမှာဖြစ်ပြီး Fingerprint ကိုလည်း In-display ပဲ မြင်ရမှာပါ။ Redmi 10X ရဲ့ဘက္ထရီကတော့ 4,420 mAh လို့ဆိုထားပါတယ်။

Redmi 10X စီးရီးဟာ ရိုးရိုး Vanilla နဲ့ Pro ဆိုပြီး ဗားရှင်းနှစ်မျိုးထွက်ရှိလာမှာဖြစ်ကာ မိတ်ဆက်ရက်နီးကပ်လာပြီ ဖြစ်တာကြောင့် နောက်ထပ်အချက်အလက်တွေ ထပ်ပြီးမြင်ရဦးမှာပါ။

Ref – GizmoChina