Redmi 10X ဟာ Dimensity 820 5G Chipset အသုံးပြုထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်းပါ။ အခုထွက်လာတဲ့ Benchmark ရလဒ်တွေကိုကြည့်ရင်တော့ Redmi 10X ဟာ on fire ပဲလို့ ဆိုရပါလိမ့်မယ်။ အကြောင်းကတော့ Chipset ရဲ့ AnTuTu benchmark ဟာ 409,449 မှတ်ဖြစ်နေတာကြောင့်ပါပဲ။

အရင် အဟောင်းဖြစ်တဲ့ Dimensity 800 ဟာ ရမှတ် 300,000 ဝန်းကျင်သာရရှိချိန်မှာ 820 က 400,000 ဝန်းကျင်ရရှိခဲ့တာဟာ အတော်လေးကျေနပ်စရာကောင်းတဲ့ ရလဒ်လို့ ဆိုရပါလိမ့်မယ်။ နောက်ထပ်အားရစရာအချက်ကတော့ GPU စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။ ဒါကလည်း Dimensity 820 ရဲ့ စုစုပေါင်း core 5 ခုကြောင့်လို့ ဆိုရမှာပါ။

Dimensity 820 နဲ့ Redmi ရှေ့ပြေးပုံစံရဲ့ရလဒ်ကတော့ Single-core မှာ 646 မှတ်ဖြစ်ပြီး Multi-core မှာ 2,529 မှတ်ဖြစ်ပါတယ်။ Mobile SOC performance ranking မှာတော့ Dimensity 820 ဟာ အလုံးစုံစွမ်းဆောင်ရည်မှာ အဆင့် ၁၆ ရရှိခဲ့ပါတယ်။ နှိုင်းယှဉ်ရင်တော့ Snapdragon 765G ထက် Single-core စွမ်းဆောင်ရည် ၇% မြင့်ပြီး၊ Multi-core စွမ်းဆောင်ရည် ၃၇% မြင့်တာ ဖြစ်ပါတယ်။

Redmi 10X ကို လာမယ့်မေလ ၂၆ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ဆိုထားပါတယ်။ ရှေ့ပြေးပုံစံနဲ့ စမ်းသပ်ထားတဲ့ရလဒ်ကတော့ Redmi 10X ကို မိတ်မဆက်ခင်ကတည်းက နာမည်ကြီးအောင်လုပ်ပေးထားသလိုပါပဲ။ ဒါကြောင့် ရောင်းတမ်းဝင် ဟန်းဆက်တွေရဲ့ ရလဒ်အစစ်အမှန်ကို သိရဖို့စောင့်ဆိုင်းရတာ စိတ်လှုပ်ရှားစရာပဲလို့ ဆိုရပါလိမ့်မယ်။

Ref: GSM Arena