Xiaomi ဟာ ပြီးခဲ့တဲ့လတုန်းက Redmi 12 4G Version ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Xiaomi ကနေ Redmi 12 5G Version အသစ်ကို အိန္ဒိယနိုင်ငံမှာ ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Redmi 12 5G ဖုန်းဟာ Qualcomm ရဲ့ Snapdragon 4 Gen 2 Chipset ကို အသုံးပြုထားပြီး Xiaomi ကနေ တရုတ်နိုင်ငံတွင်းမှာရောင်းချနေတဲ့ Redmi Note 12R နဲ့ Selfie Camera ကလွဲပြီး အတော်များများဆင်တူမှာဖြစ်ပါတယ်။

Redmi 12 5G ဖုန်းဟာ 6.79″ LCD Display ကို အသုံးပြုထားပြီး 90Hz Refresh Rate အပြင် Full HD+ Resolution ကို ထောက်ပံ့ပေးထားပါတယ်။ Battery ပိုင်းမှာလည်း 5000mAh Battery ကိုမှ 18W Fast Charging လည်းပါဝင်မှာဖြစ်ပါတယ်။

Camera ပိုင်းမှာ 50MP f1.8 Main Sensor အပြင် 2MP Macro Sensor ပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပါတယ်။ Front Selfie Camera အနေနဲ့ကတော့ 8MP Sensor ပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းမှာ Android 13 ကို အခြေခံထားတဲ့ MIUI 14 အပြင် IP53 Dust & Water Resistant Rating ပါဝင်မှာဖြစ်ပါတယ်။

Redmi 12 5G ဖုန်းကို အရောင် ၃ မျိုးဖြင့် ဝယ်ယူနိုင်မှာဖြစ်ပြီး Jade Black ၊ Pastel Blue နဲ့ Moonstone Silver ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ RAM 4GB + 128GB ကို INR 10,999 (မြန်မာငွေ ၃ သိန်းဝန်းကျင်) ၊ RAM 6GB + 128GB ကို INR 12,999 (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) နဲ့ RAM 8GB + 256GB Version ကို INR 14,499 (မြန်မာငွေ ၄ သိန်းဝန်းကျင်) ဖြင့် ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena