[Zawgyi]

လြန္ခဲ့တဲ့ႏွစ္ရက္က Redmi 7 စမတ္ဖုန္းကို TENAA ဝက္ဆုိက္မွာ စတင္ျမင္ေတြ႕ရၿပီး သူ႕ရဲ႕ Specs အခ်ဳိ႕ကို သိခြင့္ရခဲ့ပါတယ္။ ဒီေန႔မွာေတာ့ တရုတ္ဝက္ဆုိက္ဟာ အခ်က္အလက္ေတြကို ျပင္ဆင္လိုက္တဲ့အတြက္ သူ႕ရဲ႕ ပုံရိပ္နဲ႔ Specs အျပည့္အစုံကိုပါ သိရပါၿပီ။ တရုတ္အစုိးရပုိင္ဝက္ဆုိက္မွာ ျမင္ေတြ႕ခဲ့ရတဲ့ ပုံအရေတာ့ ဒီစမတ္ဖုန္းဟာ အနည္းဆုံး Gradient ကာလာ တစ္ခုနဲ႔ ထြက္လာမွာပါ။ ေနာက္ဘက္မွာ Dual-camera နဲ႔အတူ Fingerprint လည္းပါဝင္တာကို ေတြ႕ရပါတယ္။

ေရွ႕ဘက္မွာေတာ့ Redmi 7 ဖုန္းဟာ 6.26” လက္မအရြယ္ LCD Display တစ္ခုပါၿပီး 1520 x 720p Resolution ပုိင္ဆုိင္ကာ 19:9 အခ်ဳိးျဖစ္တယ္။ မ်က္ႏွာျပင္ကုိေတာ့ ပိတ္ထားတာပဲေတြ႕ရတဲ့အတြက္ Waterdrop Notch လား၊ ပုံမွန္ပဲလားဆုိတာ မသိရေသးပါဘူး။

အတြင္းပုိင္းမွာ ဒီဖုန္းဟာ 1.8GHz ရွိတဲ့ Octa-core ပရုိဆက္ဆာတစ္ခုကို သုံးထားတယ္။ မန္မုိရီပုိင္း ကေတာ့ ေရြးခ်ယ္စရာသုံးမ်ဳိးရွိၿပီး 2GB / 16GB, 3GB / 32GB နဲ႔ 4GB / 6GB တုိ႔ပဲျဖစ္ပါတယ္။ Redmi 7 ဟာ MicroSD ကတ္နဲ႔တုိးခ်ဲ႕ႏုိင္ၿပီး Android Pie သုံးစြဲလာမွာျဖစ္တယ္။ ေရွ႕ဘက္မွာ 8MP ဆယ္ဖီကင္မရာပါဝင္မွာပါ။

ေနာက္ဘက္ကင္မရာကေတာ့ 12MP တစ္ခုပါဝင္တဲ့ Dual ကင္မရာအတြဲျဖစ္ပါတယ္။ ဘကၳရီက 3,900 mAh ေတာင္ျဖစ္ၿပီး အနက္၊ အနီ၊ အျပာ၊ ပန္း၊ အျဖဴ၊ အစိမ္း၊ ခရမ္းနဲ႔ မီးခုိးေရာင္ဆုိၿပီး အေရာင္ရွစ္မ်ဳိးထိ ထြက္ရွိလာမွာပါ။

လက္ရွိအခ်ိန္မွာ Redmi မွ ဒီဖုန္းအေၾကာင္းကို တရားဝင္ထုတ္ေဖာ္လာတာမ်ဳိး မရွိေသးေပမယ့္လည္း TENAA အသိအမွတ္ျပဳခံခဲ့ရၿပီျဖစ္တာေၾကာင့္ တရုတ္ျပည္တြင္းမွာ မၾကာခင္ထြက္လာေတာ့မယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

[Unicode]

လွန်ခဲ့တဲ့နှစ်ရက်က Redmi 7 စမတ်ဖုန်းကို TENAA ဝက်ဆိုက်မှာ စတင်မြင်တွေ့ရပြီး သူ့ရဲ့ Specs အချို့ကို သိခွင့်ရခဲ့ပါတယ်။ ဒီနေ့မှာတော့ တရုတ်ဝက်ဆိုက်ဟာ အချက်အလက်တွေကို ပြင်ဆင်လိုက်တဲ့အတွက် သူ့ရဲ့ ပုံရိပ်နဲ့ Specs အပြည့်အစုံကိုပါ သိရပါပြီ။ တရုတ်အစိုးရပိုင်ဝက်ဆိုက်မှာ မြင်တွေ့ခဲ့ရတဲ့ ပုံအရတော့ ဒီစမတ်ဖုန်းဟာ အနည်းဆုံး Gradient ကာလာ တစ်ခုနဲ့ ထွက်လာမှာပါ။ နောက်ဘက်မှာ Dual-camera နဲ့အတူ Fingerprint လည်းပါဝင်တာကို တွေ့ရပါတယ်။

ရှေ့ဘက်မှာတော့ Redmi 7 ဖုန်းဟာ 6.26” လက်မအရွယ် LCD Display တစ်ခုပါပြီး 1520 x 720p Resolution ပိုင်ဆိုင်ကာ 19:9 အချိုးဖြစ်တယ်။ မျက်နှာပြင်ကိုတော့ ပိတ်ထားတာပဲတွေ့ရတဲ့အတွက် Waterdrop Notch လား၊ ပုံမှန်ပဲလားဆိုတာ မသိရသေးပါဘူး။

အတွင်းပိုင်းမှာ ဒီဖုန်းဟာ 1.8GHz ရှိတဲ့ Octa-core ပရိုဆက်ဆာတစ်ခုကို သုံးထားတယ်။ မန်မိုရီပိုင်း ကတော့ ရွေးချယ်စရာသုံးမျိုးရှိပြီး 2GB / 16GB, 3GB / 32GB နဲ့ 4GB / 6GB တို့ပဲဖြစ်ပါတယ်။ Redmi 7 ဟာ MicroSD ကတ်နဲ့တိုးချဲ့နိုင်ပြီး Android Pie သုံးစွဲလာမှာဖြစ်တယ်။ ရှေ့ဘက်မှာ 8MP ဆယ်ဖီကင်မရာပါဝင်မှာပါ။

နောက်ဘက်ကင်မရာကတော့ 12MP တစ်ခုပါဝင်တဲ့ Dual ကင်မရာအတွဲဖြစ်ပါတယ်။ ဘက္ထရီက 3,900 mAh တောင်ဖြစ်ပြီး အနက်၊ အနီ၊ အပြာ၊ ပန်း၊ အဖြူ၊ အစိမ်း၊ ခရမ်းနဲ့ မီးခိုးရောင်ဆိုပြီး အရောင်ရှစ်မျိုးထိ ထွက်ရှိလာမှာပါ။

လက်ရှိအချိန်မှာ Redmi မှ ဒီဖုန်းအကြောင်းကို တရားဝင်ထုတ်ဖော်လာတာမျိုး မရှိသေးပေမယ့်လည်း TENAA အသိအမှတ်ပြုခံခဲ့ရပြီဖြစ်တာကြောင့် တရုတ်ပြည်တွင်းမှာ မကြာခင်ထွက်လာတော့မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena