Zawgyi

Xiaomi ကေန Mid-range ဖုန္းေလာကကို 48MP နဲ႕အတူ ပြက္ေလာရိုက္သြားေစခဲ့တဲ့ Redmi Note 7 ကိုထုတ္လုပ္ၿပီးတဲ့အခါ ကင္မရာနဲ႕ ပရိုဆက္ဆာေတြကို အနည္းငယ္ အဆင့္ျမႇင့္တင္ၿပီး Redmi Note 7 Pro ကို ထပ္မံမိတ္ဆက္ေတာ့မွာပါ။ Redmi ဖုန္းမွန္ရင္ Budget (ေခၚ) Entry-level ဖုန္းတစ္လုံးပါဝင္ရမယ္ဆိုတဲ့ Xiaomi ရဲ႕ အစဥ္အလာအတိုင္း Redmi Note 7 Series မွာ ေစ်းအသက္သာဆုံး ေမာ္ဒယ္ျဖစ္တဲ့ Redmi 7 ကိုလည္း မိတ္ဆက္ဖို႔ က်န္ေနပါေသးတယ္။ ေနာက္ဆုံးေတာ့ Redmi 7 ရဲ႕ အခ်က္အလက္အခ်ိဳ႕ဟာ တ႐ုတ္ လွ်ပ္စစ္ပစၥည္းေတြကို စာရင္းသြင္းတဲ့ ဝဘ္ဆိုက္ျဖစ္တဲ့ TENAA ေပၚကို ေရာက္ရွိလို႔လာခဲ့ပါၿပီ။

TENAA က အခ်က္အလက္ေတြအရ Redmi Note 7 ရဲ႕ ေမာ္ဒယ္ နံပါတ္ဟာ M1810F6LE ျဖစ္ပါတယ္။ 6.26-inch ရွိ ႀကီးမားတဲ့ မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားၿပီး Entry-level ဖုန္းတစ္လုံး ပီပီ HD+ Resolution ရွိတဲ့ LCD Display ကို တပ္ဆင္ေပးထားပါတယ္။ 1.8GHz ရွိတဲ့ Octa-core ပရိုဆက္ဆာကို အသုံးျပဳထားတယ္လို႔ ေရးသားေဖာ္ျပထားၿပီး 2GB, 3GB နဲ႕ 4GB RAM ဆိုၿပီး ေမာ္ဒယ္သုံးမ်ိဳး ထုတ္လုပ္ထားပါတယ္။ ေမာ္ဒယ္ သုံးမ်ိဳးစလုံးမွာ SD Card အေထာက္အပံ့ပါဝင္ပါတယ္။

Redmi 6 လိုပဲ ေနာက္ေက်ာဘက္ ကင္မရာ ႏွစ္လုံးတြဲ တပ္ဆင္ေပးထားၿပီး အဓိက ကင္မရာက 12MP ရွိပါတယ္။ TENAA မွာေတာ့ ဒုတိယ ကင္မရာရဲ႕ အမ်ိဳးအစားကိုေဖာ္ျပထားျခင္းမရွိပါဘူး။ ဒါေပမယ့္ Xiaomi တန္ဖိုးနည္းဖုန္းေတြမွာ ေတြ႕ေနက် Depth Sensor ျဖစ္နိုင္ၿပီး Portrait, Bokeh ပုံေတြ ရိုက္ကူးဖို႔ အေထာက္အပံ့ေပးမွာပါ။ အေရွ႕ဘက္ Selfie ကင္မရာကေတာ့ 8MP ရွိပါတယ္။

Redmi 7 မွာ 3,900mAh ဘက္ထရီ တပ္ဆင္ေပးထားၿပီး ေနာက္ေက်ာဘက္မွာ Fingerprint Scanner လည္း တပ္ဆင္ေပးထားပါတယ္။ Operating System အေနနဲ႕ Android 9, Pie ကို အေျခခံထားတဲ့ MIUI 10 ကိုေမာင္းႏွင္ေပးထားပါတယ္။ ဖုန္းရဲ႕ ပုံေတြကိုေတာ့ ေဖာ္ျပထားျခင္းမရွိေသးပဲ TENAA ကေတာ့ Redmi 7 ဟာ အမဲ၊ အနီ၊ အျပာ၊ ပန္းေရာင္၊ အျဖဴ၊ အစိမ္း၊ ခရမ္း နဲ႕ မီးခိုးေရာင္ေတြနဲ႕ဝယ္ယူနိုင္မယ္လို႔ေျပာထားတဲ့အတြက္ အေရာင္ဆန္းဆန္းေတြႀကိဳက္တဲ့ သူေတြအတြက္ ကြက္တိပါပဲ။ Redmi Note 7 ကို တ႐ုတ္ျပည္မွာ လာမယ့္ မတ္လ ၁၈ ရက္မွာ က်င္းပမယ့္ Redmi Note 7 Pro မိတ္ဆက္ပြဲမွာ တစ္ပါတည္း မိတ္ဆက္သြားနိုင္ပါတယ္။

Ref: Gizmo China

Unicode

TENAA ပေါ်ရောက်လာပြီ ဖြစ်တဲ့ Redmi 7

Xiaomi ကနေ Mid-range ဖုန်းလောကကို 48MP နဲ့အတူ ပွက်လောရိုက်သွားစေခဲ့တဲ့ Redmi Note 7 ကိုထုတ်လုပ်ပြီးတဲ့အခါ ကင်မရာနဲ့ ပရိုဆက်ဆာတွေကို အနည်းငယ် အဆင့်မြှင့်တင်ပြီး Redmi Note 7 Pro ကို ထပ်မံမိတ်ဆက်တော့မှာပါ။ Redmi ဖုန်းမှန်ရင် Budget (ခေါ်) Entry-level ဖုန်းတစ်လုံးပါဝင်ရမယ်ဆိုတဲ့ Xiaomi ရဲ့ အစဉ်အလာအတိုင်း Redmi Note 7 Series မှာ စျေးအသက်သာဆုံး မော်ဒယ်ဖြစ်တဲ့ Redmi 7 ကိုလည်း မိတ်ဆက်ဖို့ ကျန်နေပါသေးတယ်။ နောက်ဆုံးတော့ Redmi 7 ရဲ့ အချက်အလက်အချို့ဟာ တရုတ် လျှပ်စစ်ပစ္စည်းတွေကို စာရင်းသွင်းတဲ့ ဝဘ်ဆိုက်ဖြစ်တဲ့ TENAA ပေါ်ကို ရောက်ရှိလို့လာခဲ့ပါပြီ။

TENAA က အချက်အလက်တွေအရ Redmi Note 7 ရဲ့ မော်ဒယ် နံပါတ်ဟာ M1810F6LE ဖြစ်ပါတယ်။ 6.26-inch ရှိ ကြီးမားတဲ့ မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး Entry-level ဖုန်းတစ်လုံး ပီပီ HD+ Resolution ရှိတဲ့ LCD Display ကို တပ်ဆင်ပေးထားပါတယ်။ 1.8GHz ရှိတဲ့ Octa-core ပရိုဆက်ဆာကို အသုံးပြုထားတယ်လို့ ရေးသားဖော်ပြထားပြီး 2GB, 3GB နဲ့ 4GB RAM ဆိုပြီး မော်ဒယ်သုံးမျိုး ထုတ်လုပ်ထားပါတယ်။ မော်ဒယ် သုံးမျိုးစလုံးမှာ SD Card အထောက်အပံ့ပါဝင်ပါတယ်။

Redmi 6 လိုပဲ နောက်ကျောဘက် ကင်မရာ နှစ်လုံးတွဲ တပ်ဆင်ပေးထားပြီး အဓိက ကင်မရာက 12MP ရှိပါတယ်။ TENAA မှာတော့ ဒုတိယ ကင်မရာရဲ့ အမျိုးအစားကိုဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် Xiaomi တန်ဖိုးနည်းဖုန်းတွေမှာ တွေ့နေကျ Depth Sensor ဖြစ်နိုင်ပြီး Portrait, Bokeh ပုံတွေ ရိုက်ကူးဖို့ အထောက်အပံ့ပေးမှာပါ။ အရှေ့ဘက် Selfie ကင်မရာကတော့ 8MP ရှိပါတယ်။

Redmi 7 မှာ 3,900mAh ဘက်ထရီ တပ်ဆင်ပေးထားပြီး နောက်ကျောဘက်မှာ Fingerprint Scanner လည်း တပ်ဆင်ပေးထားပါတယ်။ Operating System အနေနဲ့ Android 9, Pie ကို အခြေခံထားတဲ့ MIUI 10 ကိုမောင်းနှင်ပေးထားပါတယ်။ ဖုန်းရဲ့ ပုံတွေကိုတော့ ဖော်ပြထားခြင်းမရှိသေးပဲ TENAA ကတော့ Redmi 7 ဟာ အမဲ၊ အနီ၊ အပြာ၊ ပန်းရောင်၊ အဖြူ၊ အစိမ်း၊ ခရမ်း နဲ့ မီးခိုးရောင်တွေနဲ့ဝယ်ယူနိုင်မယ်လို့ပြောထားတဲ့အတွက် အရောင်ဆန်းဆန်းတွေကြိုက်တဲ့ သူတွေအတွက် ကွက်တိပါပဲ။ Redmi Note 7 ကို တရုတ်ပြည်မှာ လာမယ့် မတ်လ ၁၈ ရက်မှာ ကျင်းပမယ့် Redmi Note 7 Pro မိတ်ဆက်ပွဲမှာ တစ်ပါတည်း မိတ်ဆက်သွားနိုင်ပါတယ်။

Ref: Gizmo China