[Zawgyi]

Redmi 7 ကို ေမွ်ာ္လင့္ေနၾကသူေတြအတြက္ သတင္းေကာင္းကေတာ့ ထြက္ေပၚလာပါၿပီ။ Redmi Note 7 တုန္းက အံ့အားသင့္စရာ ေဈးႏႈန္းေၾကာင့္ တစ္ခဲနက္အားေပးခဲ့ၾကသလို Redmi 7 ကလည္း အလားတူ ေအာင္ျမင္မႈေတြ ရယူသြားဖြယ္ ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။

Snapdragon 632 SoC သုံးထားတဲ့ Redmi 7 ဟာ RAM အေနနဲ႔ 2GB ကေန 4GB ဆိုၿပီး အမ်ိဳးအစား သုံးမ်ိဳး ခြဲျခားထားပါတယ္။ ဒါေၾကာင့္ Storage ကလည္း 16GB ကေန 64GB အထိ ေ႐ြးခ်ယ္ခြင့္ သုံးမ်ိဳး ရရွိမွာပါ။ ဘက္ထရီကေတာ့ ဒီေန႔ေခတ္ စမတ္ဖုန္းေတြမွာ အသုံးမ်ားလာတဲ့ ပမာဏျဖစ္တဲ့ 4,000mAh ပမာဏျဖစ္ပါတယ္။

Redmi 7 ဟာ 6.26-inch HD+ display နဲ႔ျဖစ္ၿပီး Gorilla Glass 5 အမ်ိဳးအစားလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ p2i water-resistant coating နဲ႔ျဖစ္တာေၾကာင့္ ေတာ္႐ုံမိုးမိတာ၊ ေရစိုသြားတာေတြေလာက္ေတာ့ ခံႏိုင္ရည္ရွိတယ္လို႔ ဆိုရမွာပါ။ ဒါ့အျပင္ ေက်ာဘက္ကင္မရာ ႏွစ္လုံး တပ္ဆင္ေပးထားတာကလည္း စိတ္ေက်နပ္စရာလို႔ ဆိုရရမွာပါ။

Redmi 7 ရဲ႕ ေက်ာဘက္ကင္မရာႏွစ္လုံးမွာ အဓိက ကင္မရာက 12MP (1.25 micron pixels) နဲ႔ ျဖစ္ပါတယ္။ ဒုတိယ ကင္မရာကေတာ့ 2MP depth sensor နဲ႔ျဖစ္တာေၾကာင့္ Portrait ႐ိုက္ကူးမႈေတြအတြက္ အေကာင္းဆုံး အေထာက္အပံ့ျဖစ္ပါလိမ့္မယ္။ အေရွ႕ဘက္မွာေတာ့ Waterdrop notch ထဲမွာ 8MP နဲ႔ Selfie ကင္မရာကို တပ္ဆင္ေပးထားတာ ပါ။

အျခား အခ်က္အလက္ေတြအျဖစ္ Redmi 7 မွာ 3.5mm headphone port နဲ႔ ေက်ာဘက္မွာ Fingerprint scanner တပ္ဆင္ေပးထားပါေသးတယ္။ ေဈးႏႈန္းေတြကေတာ့ 2GB/16GB အမ်ိဳးအစားအတြက္ $104 (၁ သိန္း ၆ေသာင္းဝန္းက်င္) ျဖစ္ၿပီး 3GB/32GB အမ်ိးအစားအတြက္ $119 (၁ သိန္း ၈ ေသာင္း ၃ ေထာင္ဝန္းက်င္) က်သင့္မွာျဖစ္ပါတယ္။ 4GB/64GB ဆိုရင္ေတာ့ $149 (၂ သိန္း ၂ ေသာင္း ၈ ေထာင္ဝန္းက်င္) ျဖစ္ပါတယ္။

Ref: Phone Arena

Snapdragon 632 နဲ့ ၁ သိန်း ၆ သောင်းဝန်းကျင် တန်ဖိုးရှိ Redmi 7 ကို ကြေညာပြီ

[Unicode]

Redmi 7 ကို မျှော်လင့်နေကြသူတွေအတွက် သတင်းကောင်းကတော့ ထွက်ပေါ်လာပါပြီ။ Redmi Note 7 တုန်းက အံ့အားသင့်စရာ ဈေးနှုန်းကြောင့် တစ်ခဲနက်အားပေးခဲ့ကြသလို Redmi 7 ကလည်း အလားတူ အောင်မြင်မှုတွေ ရယူသွားဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Snapdragon 632 SoC သုံးထားတဲ့ Redmi 7 ဟာ RAM အနေနဲ့ 2GB ကနေ 4GB ဆိုပြီး အမျိုးအစား သုံးမျိုး ခွဲခြားထားပါတယ်။ ဒါကြောင့် Storage ကလည်း 16GB ကနေ 64GB အထိ ရွေးချယ်ခွင့် သုံးမျိုး ရရှိမှာပါ။ ဘက်ထရီကတော့ ဒီနေ့ခေတ် စမတ်ဖုန်းတွေမှာ အသုံးများလာတဲ့ ပမာဏဖြစ်တဲ့ 4,000mAh ပမာဏဖြစ်ပါတယ်။

Redmi 7 ဟာ 6.26-inch HD+ display နဲ့ဖြစ်ပြီး Gorilla Glass 5 အမျိုးအစားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် p2i water-resistant coating နဲ့ဖြစ်တာကြောင့် တော်ရုံမိုးမိတာ၊ ရေစိုသွားတာတွေလောက်တော့ ခံနိုင်ရည်ရှိတယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် ကျောဘက်ကင်မရာ နှစ်လုံး တပ်ဆင်ပေးထားတာကလည်း စိတ်ကျေနပ်စရာလို့ ဆိုရရမှာပါ။

Redmi 7 ရဲ့ ကျောဘက်ကင်မရာနှစ်လုံးမှာ အဓိက ကင်မရာက 12MP (1.25 micron pixels) နဲ့ ဖြစ်ပါတယ်။ ဒုတိယ ကင်မရာကတော့ 2MP depth sensor နဲ့ဖြစ်တာကြောင့် Portrait ရိုက်ကူးမှုတွေအတွက် အကောင်းဆုံး အထောက်အပံ့ဖြစ်ပါလိမ့်မယ်။ အရှေ့ဘက်မှာတော့ Waterdrop notch ထဲမှာ 8MP နဲ့ Selfie ကင်မရာကို တပ်ဆင်ပေးထားတာ ပါ။

အခြား အချက်အလက်တွေအဖြစ် Redmi 7 မှာ 3.5mm headphone port နဲ့ ကျောဘက်မှာ Fingerprint scanner တပ်ဆင်ပေးထားပါသေးတယ်။ ဈေးနှုန်းတွေကတော့ 2GB/16GB အမျိုးအစားအတွက် $104 (၁ သိန်း ၆သောင်းဝန်းကျင်) ဖြစ်ပြီး 3GB/32GB အမျိးအစားအတွက် $119 (၁ သိန်း ၈ သောင်း ၃ ထောင်ဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ 4GB/64GB ဆိုရင်တော့ $149 (၂ သိန်း ၂ သောင်း ၈ ထောင်ဝန်းကျင်) ဖြစ်ပါတယ်။

Ref: Phone Arena