Xiaomi ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Budget Redmi Series ဖုန်းတွေကို Android 10 Stable Update ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ စစခြင်းအနေနဲ့ Redmi 7A ဖုန်းကနေ စတင်ခဲ့ပြီး နောက်ပိုင်းမှာ Redmi Note 7 Series နဲ့ Redmi 7 ၊ Redmi 8 ဖုန်းတွေပါ Android 10 Stable Update ကို ရရှိနေပြီဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ Redmi 8A စမတ်ဖုန်းအတွက် Android 10 Stable Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ အဆိုပါ Software Update ကို China Region စမတ်ဖုန်းတွေပဲ ရရှိဦးမှာဖြစ်ပြီး Global Version အနေနဲ့ကတော့ အနည်းငယ်စောင့်ဆိုင်းရဦးမှာပါ။

Redmi 8A စမတ်ဖုန်းအတွက် Android 10 Stable Update Firmware Number ကတော့ V11.0.2.0.QCPCNXM ဖြစ်ပြီး July 2020 Android Security Patch ကိုပါထည့်သွင်းထားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားသော Xiaomi စမတ်ဖုန်းတွေလိုမျိုး MIUI 12 Update ကိုတော့ ရရှိဦးမှာမဟုတ်ပါဘူး။

Xiaomi Redmi 8A စမတ်ဖုန်းဟာ MIUI 12 Update ကို ရရှိမယ့်စမတ်ဖုန်းတွေထဲမှာပါဝင်ပြီးတော့ ဖြစ်နိုင်တာကတော့ လာမယ့်သြဂုတ်လ သို့မဟုတ် စက်တင်ဘာလထဲမှာရရှိလာနိုင်ခြေများနေပါတယ်။ အဲ့ဒီအတွက် လောလောဆယ်မှာ Android 10 Stable Update ကိုပဲ အရင်ထုတ်ပေးထားတဲ့ပုံစံပါပဲ။

အဲ့ဒီအတွက် Redmi Series စမတ်ဖုန်းတွေထဲမှာ Redmi Note 8 ဖုန်းနဲ့ Redmi 8A Dual သို့မဟုတ် Redmi 8A Pro ဖုန်းတွေပဲ Android 10 Update ရရှိဖို့ကျန်ရှိနေတာဖြစ်ပါတယ်။

Ref – Gizmo China